Chapter-121 She pities Gu Chenyi. (3)

5.4K 601 33
                                    

Unicode

ဂူရွှမ်သည် လက်ကိုမြှောက်လိုက်ကာ ဂူရှီ၏ခေါင်းကို ပွတ်သပ်ပေးချင်ခဲ့သည်။ သို့သော် သူမအောင်မြင်လိုက်ခင် သူ့ဒုတိယအကို၏အေးစက်စက်မျက်စောင်းကြီးကြောင့် သူ့လက်ကို ပြန်ဆွဲလိုက်ရသည်။

ဂူရှီက ဂူရှောင်းဘေးတွင် နာနာခံခံလေးရပ်နေတာကို မြင်လိုက်ရချိန်တွင် မနာလိုမှုတွေသည် ဂူရွှမ်ဆီမှ စိမ့်ထွက်လာတော့သည်။

..............
ဂူရှီ,"အိုး ဟုတ်သားပဲ။ ဂူချန်းရီ!"

ဂူရွှမ်ကို သူမနှုတ်ဆက်ပြီးနောက်မှ ဂူရှီသည် ဂူချန်းရီလည်း သူမနှင့်အတူ ထွက်လာသင့်တယ်ဆိုတာကို အမှတ်ရသွားသည်။

သို့သော် ဂူရှီသည် သူမပတ်ပတ်လည်ကို ကြည့်လိုက်ချိန်တွင် ဂူချန်းရီသည် နောက်ထပ် ထပ်ပျောက်သွားတာကို သတိထားမိလိုက်သည်။

"ထူးဆန်းလိုက်တာ။ လွန်ခဲ့တဲ့မိနစ်အနည်းငယ်လောက်က သူကဒီမှာရှိနေတာပါ။ ဘယ်သွားနေလို့လဲ"
ဂူရှီ ရေရွတ်လိုက်သည်။

သူမက ပြန်လှည့်ကာ ဂူရွှမ်ကို ဂူချန်းရီဘယ်ပျောက်သွားလဲဆိုတာကို သူမ မသိကြောင်း ပြောမလို့ပြင်နေချိန်တွင် သူတို့ရှေ့တွင် ရပ်လာသည့် ကားနှစ်စီးကို သူမ မြင်လိုက်ရသည်။

သူမ မှတ်မိသည့်ကားတစ်စီးသည် ဂူရှောင်းကားဖြစ်ပြီး နောက်တစ်စီးကတော့ ဂူရွှမ်၏ကားဖြစ်ရမည်။

ဂူရွှမ်သည် အချိန်ကို ကြည့်ကာ ဂူရှောင်းကို ပြောလေသည်။
"ညစာစားချိန်တောင် ရောက်လုနီးဖြစ်နေပြီ။ အတူတူညစာသွားစားရအောင်"

ထိုသို့ပြောပြီးနောက် ဂူရှောင်း မငြင်းတာကို မြင်ရ၍ ဂူရွှမ်သည် ဂူရှီကို အပြုံးလေးဖြင့်ကြည့်လိုက်၏။
ဂူရွှမ်,"မင်းအန်ကယ်လေးက ဒီနေ့မှပြန်ရောက်လာတာ။ ပြီးတော့ သမီးကလည်း ဆုရသွားတယ်လေ။ သွားရအောင် အန်ကယ်လေးက မင်းကို ဝယ်ကျွေးမယ်။ celebrationတစ်ခုလို့ သဘောထားလိုက်"

သေချာတာပေါ့။ ဂူရှီမငြင်းခဲ့ပါဘူး။ သူမ ခေါင်းညိမ့်လိုက်သည်။

သို့သော်ငြား သူမ အိုကေလို့တောင် မပြောနိုင်ခင် ဂူရွှမ်သည် ကားထဲသို့ ဝင်သွားကာ ထွက်ခွာဖို့အဆင်သင့်ပြင်နေသည်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now