Chapter-113

5.4K 674 9
                                    

Lin Anxin probably had to face with the consequences of her action after her return. (4)

................
Unicode

Oh gosh! အံ့သြစရာပဲ။ ကောင်းလိုက်တဲ့strategy"

လူတိုင်းမှာ ကိုယ်ပိုင်အင်အား အားသန်ရာတွေရှိကြသည်။ တစ်ခါတစ်ရံတွင် လူတစ်ယောက်က လိုအပ်တာဆိုလို ဒုတိယမျက်လုံးတစ်စုံသာဖြစ်သည်။

"အရမ်းမိုက်လွန်းတယ်......."

..............
HSAUက ထူးချွန်ကျောင်းသားနှစ်ယောက်၏ဗျူဟာသည် လူတိုင်းကို အံ့အားသင့်သွားစေသည်။

နားနေareaတွင် ထိုင်နေသော ဆရာတွေတောင်မှ မှင်တက်သွားရသည်။

"ဆရာကုန် strategyက တော်တော်ကောင်းတယ်နော်။ ဘယ်သူအကြံရသွားတာလဲ"
HSAUဆရာနားလေးက ဆရာတွေသည် နောင်တများဖြင့် မေးလာလေသည်။

နောက်ထပ်ဆရာ၊ ဆရာမတွေက ရောက်လာပြီး ဝင်ပြောကြသည်။
"ဟုတ်တယ်။ ဒီနှစ်ယောက်က အတူတူ ကောင်းကောင်းလုပ်နေကြတာပဲ။ ပြိုင်ပွဲမတိုင်ခင် သူတို့တွေကို အများကြီးထရိန်းထားရလောက်မှာ"

ပတ်ပတ်လည်တွင် အမေးခံနေရသော ဆရာကုန်သည် အပြစ်ရှိသော စိတ်ဖြင့် ပြုံးပြလိုက်ရသည်။ ဒါက တကယ်တမ်း ဆရာတွေခင်းတဲ့ ဗျူဟာမဟုတ်ပေ။ သူလည်းပဲ ဒီမှာရှိတဲ့လူတိုင်းလို စပရိုက်ဖြစ်သွားရတာပါနော်။ ဟုတ်ပြီလား!

သို့သော်လည်း ဆရာကုန်သည် ဂုဏ်ဆာနေသောပုံစံကို သူ့ပေါ်တွင် ချိတ်ဆွဲထားသည်။ သူက ရယ်လျက်ဖြင့်
"အဲ့လောက်ကြီးလည်း ကျွန်တော်တို့ ထရိန်းမပေးလိုက်ရပါဘူး။ အဓိကကတော့ ကျောင်းသားနှစ်ယောက်က လယ်ဗယ်တူနေလို့ပါ"

–ဘာလဲဟ လယ်ဗယ်တူလို့?!

–မင်းတို့မှာ ထူးချွန်ကျောင်းသားနှစ်ယောက်ရှိတော့ရော ဘာဖြစ်လဲ။

–အိုင်ယား အိုင်ယား သူတို့လည်းပဲ ဒီလိုမျိုးလေး ခံစားကြည့်ချင်တယ်လေ။

တခြားဆရာတွေ၏အတွေးပင်ဖြစ်သည်။

တတွတ်တွတ် တလှုပ်လှုပ်အဖြစ်ဆုံးကတော့ လီမင်က ဆရာတွေပင်ဖြစ်သည်။ ဂူရှီက သူတို့၏ကျောင်းသူ ဖြစ်ခဲ့ဖူးသည်။ ဒါပေမယ့် အခုတော့ သူမကို HSAUက ပိုင်သွားပြီ။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now