Chapter-175 Sheng Xiuyan"s look froze on his face.

3.1K 459 11
                                    

Unicode

ကံဆိုးစွာ မုန့်ကျစ်ရှင်းကမူ လင်းရိဇယ်၏ငြိမ်းချမ်းရေးသံလွင်ခက်ကို အပြတ်ငြင်းလိုက်သည်။ အခြေနေက သာသာယာယာမရှိခဲ့။ အပြန်မှာ မုန့်ကျစ်ရှင်းက သူမကို လိုက်ပို့ပေးမယ်လို့ပြောတာကိုတောင် ငြင်းဆိုခဲ့သည်။

မုန့်ကျစ်ရှင်းနှင့်ကိစ္စအပြီးတွင် အခု သူမနှင့်ရုပ်ချင်းဆင်သူကို သူတွေ့နေရပြန်သည်။ လင်းရိဇယ်သည် သူ့ဒေါသများကို စုန်ခယ်ရှင်းအပေါ် ပုံချလိုက်သည်။

...........

စုန်ခယ်ရှင်း၏ ဖျော့တော့နေသောမျက်နှာနှင့် ပြူးကျယ်နေသောမျက်လုံးများကို မြင်မှ လင်းရိဇယ် ပြန်အသိတရားရလာခဲ့သည်။ သူမဆီသို့ အမြန်လျှောက်သွားလိုက်ကာ ဖတ်လိုက်ပြီး တောင်းပန်လေသည်။
"ခယ်ရှင်း ကိုယ့်ကို အထင်မလွှဲလိုက်ပါနဲ့။ မင်းအပေါ် ဒေါသထွက်သွားဖို့ ကိုယ်မရည်ရွယ်ပါဘူး။ အရှေ့တောင်နဲ့ပတ်သတ်ပြီး ကိုယ့်ရဲ့လုပ်ငန်းကိစ္စလေးတွေပါ။ အဲ့တာတွေကို ဖြေရှင်းလို့မရသေးတော့ ကိုယ်စိတ်အခြေနေမကောင်းဘူးဖြစ်သွားတာ။ တောင်းပန်ပါတယ်"

လင်းရိဇယ်၏ရှင်းပြချက်ကို ကြားပြီး စုန်ခယ်ရှင်းသည်လည် စိုးရိမ်သွားသည်။
"ရှင့်ရဲ့ကုန်တွေကို သိမ်းယူသွားခံရတဲ့ကိစ္စကို ပြောနေတာလား"

"အင်း အဲ့တာ"
လင်းရိဇယ် ခေါင်းညိတ်ပြလိုက်ပြီး ထိုကိစ္စအကြောင်းကို စုန်ခယ်ရှင်းအား အကျဉ်းချုံးရှင်းပြလေသည်။

"ဒါဆို ရှင်က ဒီနေ့ အဲ့တာကို ဖြေရှင်းဖို့ သွားခဲ့တာလား"

"အင်း...."
ထို့နောက် လင်းရိဇယ်ထက်ပြော၏။
"မုန့်ကျစ်ရှင်းကို တွေ့တာက မတော်တဆပါ။ သူမက တစ်ဖက်ပါတီရဲ့အေးဂျင့်ဆိုတာ ကိုယ်မသိခဲ့ဘူး"

ရှင်းပြပေးပြီးနောက်တောင်မှ စုန်ခယ်ရှင်းသည် စိတ်မချနိုင်သေး။
"ဒါဆို ရှင်နဲ့အဲ့မိန်းမက....."

"ကိုယ်တို့က လုပ်ငန်းကိစ္စပြောဖို့ သွားခဲ့တာ။ အဲ့လိုမှမဟုတ်ရင် ကိုယ့်အချိန်တွေကို သွားဖြုန်းပေးဖို့တောင်မတန်တော့ဘူး။ ကိုယ့်ကို သစ္စာဖောက်သွားတဲ့နေကစလို့"

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now