Chapter-92 What happened? Why did Gu Shao sign up to the competition? (4)

5.3K 654 9
                                    

Unicode

ဂူရှီသည် ဂူချန်းရီကို ကြည့်လိုက်သည်။

ဂူချန်းရီက မိသားစုဆိုတာကို သူမ သိပြီးသွားချိန်မှစပြီး သူမအတွက် သူ့ကိုကြည့်ရတာ နူးညံ့သောပုံစံလေးဟု ထင်ရသည်။

ပြီးတော့ မိသားစုဆိုသောပုံရိပ်ကြောင့် သူက ရူးကြောင်ကြောင်လေးဆိုတာထက် ပိုပြီးချစ်စရာကောင်းသည်ဟု သူမ တွေးမိသည်။

...........
သို့ပေမယ့် သူက ယခုထိ သူ၏identityကို သူမအားပြောပြဖို့ စီစဥ်ထားပုံမရချေ။

"ဒီမှာ ဒါကိုသုံးလို့ရတယ်"
ဂူရှီသည် သူ့ကို ဘောပင်တစ်ချောင်း ပေးလိုက်သည်။

"!"

ဂူရှီ သူ့ကို ပေးနေသော ဘောပင်ကိုကြည့်ပြီး ဂူချန်းရီသည် အံ့အားသင့်သွားသည်။ ရှီရှီက သူ့ကို ဘောပင်ငှားပေးတယ်! ပြီးတော့ သူမရဲ့အပြုံးကလည်း အရမ်းကို ဖော်ဖော်ရွေရွေ နွေးနွေးထွေးထွေးနှင့်။

တစ်ရက်ပဲ ရှိသေးတာလေ။

မနေ့က သူ့ရဲ့ကူညီတတ်သော သူရဲကောင်းဆန်သည့် အပြုမူလေးက သူမရဲ့နှစ်သက်မှုကို ရသွားတာဖြစ်ရမယ်။

ဂူချန်းရီသည် ကြိတ်၍ အလွန်ကို ခံစားသွားရသည်။

တစ်ဖတ်တွင် ဂူရှီသည် ဂူချန်းရီ၏လက်ထဲသို့ ဘောပင်ကို ထိုးပေးလိုက်သည်။ သူမအနည်းလောက် တွေးလိုက်ကာ သူမ၏အကြမ်းစာရွက်တစ်ဝက်ကို သူ့အားပေးလိုက်သည်။

"Oh ဟုတ်သားပဲ။ ငါ့ခဲဖျတ်တစ်ဝက်ကိုလည်း ယူလိုက်"
ဂူရှီပြောပြီးသည်နှင့် ခဲဖျတ်ကို သူမ၏ဘက်စုံသုံးဓါးဖြင့် ဖြတ်ပြီး တစ်ဝက်ကို သူ့အားပေးသည်။

စာရေးကိရိယာအပုံကြီးကို ကြည့်ပြီး မဟုတ်သေးဘူး သူ့၏ကိုယ်ပိုင်မိသားစုဝင်လေးမှ ဂရုစိုက်မှုကိုကြည့်ပြီး ဂူချန်းရီသည် emotionကြောင့် ငိုမတတ်ဖြစ်သွားရသည်။ ရှီရှီက သူ့ကိုအရမ်းကောင်းတာပဲ။

ဒါက အိမ်မက်သာဆိုရင် ဆက်မက်နေလိုက်။

ဂူရှီ,"ကံကောင်းပါစေ"
ဂူရှီသည် သူမနေရာကို ထိုင်ကာ ဖြေဖို့အသင့်ပြင်နေလိုက်သည်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now