Chapter-47 In addition, there seemed to be a recording. (4)

5.3K 588 7
                                    

Unicode

လင်းရှီ appကို မပိတ်ခင် သူတို့တွေနှင့် နည်းနည်းလောက် chatနေလိုက်သည်။

[X]: နောက်တစ်ခါမှ ပြောကြမယ်။

[AAA]: နေ နေ နေပါဦး။ ဘယ်သွားမလို့လဲ။

လင်းရှီ,"........" အင်္ဂလိပ်စာ လုပ်မလို့။

................
လင်းရှီထွက်သွားတော့ [AAA]က နည်းနည်းပျင်းလာခဲ့သည်။ သူက private chatကို ပြောင်းလိုက်ကာ သူ့၏အမိုက်စား teammateအကြောင်းကို [Lin]အား စတင်ကြွားတော့သည်။

[AAA]: ဘယ်လိုထင်လဲ အမ် သူက မိုက်တယ်မလား?

[Lin]: မဆိုးပါဘူး။

[AAA]: hahaha ဟုတ်တာပေါ့ သူ့ကိုစုစောင်းထားတာ ငါလေ။ ငါဒီပြိုင်ပွဲကို တော်တော်ယုံကြည်ချက်ရှိနေပြီ။

[AAA]: မေးရဦးမယ်။ မင်းဘယ်အချိန်ပြန်လာမှာလဲ။

[Lin]: တဘက်ခါ။

[AAA]: oh shit! တကယ်ကြီးလား။ ငါမင်းပြန်လာဖို့ အနည်းဆုံးနှစ်လလောက်ကြာအုံးမယ်ထင်ထားတာ။

[Lin]: ငါအရေးကြီးကိစ္စရှိလို့။

သူ ဒီနေ့နှင့် မနက်ဖြန်အတွက် လက်မှတ်ဖြတ်မရခဲ့လို့သာ မဟုတ်ရင် သူက အခုတောင်အပြန်လမ်းပေါ် ရောက်နေလောက်ပြီ။

[AAA]က သူ၏သူငယ်ချင်းကောင်းကြီးပြောတဲ့ အရေးကြီးကိစ္စက ဘာလဲဆိုတာ သူနားမလည်ဘူး။ တစ်ချိန်တည်းမှာပဲ [Lin]နောက်ထပ်ပို့လိုက်တဲ့ မိမိဘာသာအားရကျေနပ်နေပုံ emojiကြောင့် [AAA] ကြောင်တောင်တောင် ဖြစ်သွားသည်။ [AAA]အတွေး 'သူဘာတွေများ အားရကျေနပ်နေတာလဲ? သူ့ကိုတစ်ယောက်ယောက် ထိန်းချုပ်ထားတာလား'

.........
အခြားတစ်ဖတ်မှာမူ ဝမ်ဝူက လင်းရှီ၏အိမ်ထောင်စုဇယားနှင့် ပတ်သတ်တဲ့ သတင်းအကြောင်းကို ရှာတွေ့ခဲ့သည်။

"Missရှောင်ရှီရဲ့အိမ်ထောင်စုဇယားကို ကျောင်စီက ကျောင်ရို့ဖုလို့အမည်ရတဲ့ မိသားစုအောက်ကို ပြောင်းလိုက်တာပါ။ ကျောင်ရို့ဖုရဲ့အဖေက ကျောင်စီရဲ့ သွေးဝေးတဲ့ဆွေမျိုးပါ။ သွေးဝေးဆွေမျိုးဖြစ်လို့ပဲ သူတို့ပြောင်းပစ်လို့ ရသွားတာပါ"

"ကျောင်ရို့ဖုရဲ့ သတင်းအချက်လက်တွေကို ကျွန်တော်ပို့ပေးပြီးသွားပါပြီ"

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now