Chapter-76 She had perfected demonstrated what guilty conscience looks like. (1)

5.3K 637 11
                                    

Unicode

––သူတို့ ရန်ဖြစ်နေတာမဟုတ်ပါနဲ့လို့ ငါမျှော်လင့်ပါတယ်။
ဂူရှီက သူမဘာသာ တွေးတောလိုက်သည်။

ဒါဆိုလည်း ဒါက သူမနှင့် တစ်နည်းမဟုတ်တစ်နည်း လာပတ်သတ်စရာ အကြောင်းမရှိဘူးလေ။ ဒါကြောင့် သူမခေါင်းခါလျက် သူတို့ဆီက အကြည့်လွဲလိုက်ပြီး သူမဘေးက ဖြတ်မောင်းသွားသော ကားတွေ၏လိုင်စင်ပြားတွေကို ရံဖန်ရံခါကြည့်ကာ parking areaဘက်ကို ဆက်လျှောက်သွားလိုက်သည်။

...........
အခြားတစ်ဖတ်တွင် သူတို့ ဂူရှီ ဆက်လျှောက်သွားသည်ကိုမြင်တော့ ရန်ဖြစ်နေသလိုမျိုး လုပ်နေသော ကောင်လေးနှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ခွာလိုက်ကာ ဂူရှီဘက်ကို စိုးရိမ်လှုပ်ရှားစွာ ကြည့်လိုက်သည်။

"ဟူး အိုကေ သူမ သွားပြီ"
ဂူချန်းရီက သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

သူပြောလို့ မပြီးသေးခင် သူ့ခေါင်းကို ဂူယန်ရှောင်ရိုက်ချသည်အား ခံလိုက်ရသည်။
"ဂူချန်းရီ မင်း ဘာလို့ပုန်းလိုက်တာလဲ"

ဂူချန်းရီက ပြန်လည်ချေပလာလျက်
"အဓိပ္ပါယ်မရှိတာ။ သေချာပေါက် ငါတို့ပုန်းဖို့ လိုတာပေါ့။ သူမ ငါတို့ကို သတိထားမိသွားမှာမျိုး မလိုချင်ဘူးမလား"

ဂူချန်းရီက နောက်တစ်ကြိမ် ဂူရှီဘက်ကို စိုးရိမ်စွာကြည့်လိုက်ပြီး သူ့ဘာသာ ပြောနေ၏။
"စောစောက ငါတို့ကို ရှီရှီသတိမထားမိသွားဘူးမလား"

ဂူယန်ရှောင်,"မင်းဦးနှောက်က သေနေတာလား။ ရှီရှီက ငါတို့ကို တစ်ခါတောင်မှ မမြင်ဖူးသေးဘူးလေ။ ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် သူမ ငါတို့ကို မှတ်မိမှာမဟုတ်ဘူး။ သိပြီလား"
သူတို့တွေ တစ်ခုခုကို ပုန်းကွယ်နေသလိုမျိုး လုပ်နေတာကမှ ပိုထူးဆန်းဦးမယ်။

ထိုစကားက ဂူချန်းရီကို အသိတရားရသွားစေသည်။

".........."
အခုသူက လုံးဝကိုအရူးပဲ။

"ငါ စိတ်လှုပ်ရှားသွားလို့ပါ။ ဟုတ်ပြီလား"
ဂူချန်းရီက ရှက်ရမ်းရမ်းကာ ပြောလာသည်။

ကံကောင်းထောက်မစွာ သူတို့ကို ဘယ်သူကမှ သတိမထားမိပေ။ မဟုတ်ရင် သူထိန်းသိမ်းလာသော သူ့ပုံရိပ်လေးက ပျက်စီးသွားလိမ့်မည်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now