Chapter-69 "It looks like Lin Xi's parent is really some big shot." (3)

5.1K 602 5
                                    

Unicode

ဂူရှောင်းက အခုထိဒါတွေကို ကြည့်ဖို့အခွင့်ရေးမရသေးပေ။

ဂူရှီက ချက်ချင်းကြီး ဘာမှမစဥ်းစားနိုင်တော့ပေ။ ဒါတွေက သူမ၏ကျောင်းသားfileထဲကို မရောက်သေးဘူး?? သူမခေါင်းညိမ့်ပြကာ ဇဝေဇဝါဖြစ်လျက် ဂူရှောင်းနောက်ကလိုက်သွားလေသည်။

..........
လင်းရှီမသိလိုက်သည်က သူမဘေးကနေ ဖြတ်လျှောက်သွားသော ထိုကျောင်းသားနှစ်ယောက်က အတန်းထဲကိုရောက်တာနှင့် ဟောခန်းလမ်းမှာ သူမကိုတွေ့ခဲ့တယ့်အကြောင်းကို တခြားသူတွေအား ပြောပြလိုက်သည်ဆိုတာကို ဖြစ်သည်။

တကယ်တမ်း ဒါကအရမ်းအရေးကိစ္စအကြီးကြီး မဟုတ်ပေမယ့် လင်းရှီ၏ကျော်ကြားမှုပုံရိပ်ကြောင့် ကျောင်းသူကျောင်းသားတွေကြားထဲက ဆွေးနွေးမှုတွေထဲမှာ အတော်ဂယက်ထသွားသည်။

အတန်းတွေက အခုလေးတင် ပြီးသွားတာဖြစ်၏။ ဂူရှောင်းနှင့်ဂူရှီ ထွက်သွားတော့မှာကိုမြင်ပြီး လူတွေက သူတို့ခေါင်းကို အခန်းထဲကနေ ပြူတစ်ပြူတစ်ထွက်ကာ ကြည့်ကြလေသည်။

"အာ အဲ့တာတကယ်ပဲ လင်းရှီလား"

"သူမက ထွက်တောင်သွားနေပြီလား"

"သူမက ကျောင်းပြောင်းနေပြီလား"

အသံတွေအကုန်လုံးကို ကြားနိုင်ပေသည်။

လျှင်မြန်စွာ ဒီလူတွေ၏အာရုံက ဂူရှီကနေ ဂူရှောင်းကို ရောက်သွားကြသည်။

"ဘေးက သူမရဲ့မိဘလား"
တစ်ယောက်က ဂူရှောင်းကိုလက်ညိုးထိုး၍ အံ့သြစွာပြောလာသည်။

ကျောင်းစကတည်းက လင်းရှီ၏မိဘတွေကို ဘယ်သူကမှမမြင်ဖူးပေ။ မိဘဆရာဆွေးနွေးပွဲတွေတောင်မှ သူမအတွက် တစ်ယောက်ယောက်တက်ရောက်ပေးတာ သူတို့မမြင်ဖူးပေ။

ဒါကြောင့် အဆင့်တစ်ကျောင်းသူလေး၏မိဘတွေဟာ ဒဏ္ဍာရီလာဖြစ်လာ၏။

အခုလင်းရှီ၏ဘေးမှာ လူကြီးတစ်ယောက်ကို မြင်တော့ လူတိုင်းက မစပ်စုဘဲကိုမနေနိုင်ကြပေ။

"ဟုတ်ပုံရတယ်"

"Wow amazing ငါအရင်တုန်းက လင်းရှီမှာမိဘမရှိဘူးလို့ ထင်ခဲ့တာ"

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now