Chapter 165- "I wagered on you."

4.5K 632 17
                                    

Uniocde

မင်းတို့ကလေးတွေက မကောင်းဘူးပဲ။

ဂူရှောင်းသည် အလွန်မှန်ကန်လှသော အမူရာဖြင့် စိတ်ထဲတွင် တွေးတောနေသည်။

ဂူရှောင်းမျက်နှာပေါ်က အကြည့်ကို သတိထားမိသွားချိန် တခြားနှစ်ယောက်,".........."

ဂူရှောင်းစိတ်ထဲတွင် ဘာတွေတွေးနေမှန်းသူတို့မသိပေမယ့် သူတို့ကို လှောင်နေပုံရသည်ဟု ခံစားရသည်။

............
ထိုအချိန်တွင် နောက်ထပ်အချက်ပေးအသံသည် ဝင်လာခဲ့သည်။

နောက်ဆုံးမှာတော့ ဂူရှောင်းသည် မိဘများ၏chat groupထဲတွင် Class #7၏ ဆရာမမှ မိဘဆရာအစည်းဝေးပွဲ အကြောင်းကြားချက်ကို ရရှိခဲ့သည်။

[အတန်းပိုင်ဆရာမ: မင်္ဂလာပါ မိဘများရှင့်။ ဒီလအတွက် မိဘဆရာအစည်းဝေးကို နောက်တနင်္လာနေ့ 2PMမှာ ပြုလုပ်မှာဖြစ်ပါတယ်။ ကျေးဇူးပြု၍ အချိန်မှီရောက်လာပေးကြပါ။ မရောက်လာနိုင်ပါက ကျွန်မကို သီးသန့်ဆက်သွယ်ပေးပါ။ ပြီးတော့ အဖိုးအဖွားများနှင့် မောင်နှမများကို မိဘများအစား မလွှတ်လိုက်ဖို့ တောင်းဆိုချင်ပါတယ်။]

အတန်းပိုင်းဆရာမသည် မတ်ဆေ့ဂျ်ကို ယခုလေးတင် ပို့လိုက်တာဆိုပေမယ့် [ရှောင်ရှီ၏မိဘ မြင်ပြီးပါပြီ]ဆိုသော စာသားက အောက်ခြေတွင် ပေါ်လာခဲ့သည်။

ဂူရှောင်းသည် စာပြန်ရန်ပြင်နေချိန်၌ အတန်းပိုင်ဆရာမဆီမှ private messageရရှိလာခဲ့သည်။

အတန်းပိုင်ဆရာမသည် မတ်ဆေ့ဂျ်ထဲတွင် အလွန်ယဉ်ယဉ်ကျေးကျေးဆိုထားသည်။
[နောက်ကျမှ ဆက်သွယ်လိုက်ရတဲ့အတွက် တောင်းပန်ပါတယ် ပါမောက္ခဂူ။ ကျွန်မအခုပို့လိုက်တဲ့ မတ်ဆေ့ဂျ်ကို ကြည့်ပြီးပြီလားရှင့်။]

ဂူရှောင်း: [ဟုတ် ကြည့်ပြီးပါပြီ။]

အတန်းပိုင်ဆရာမ: [အော် ဟုတ်။ အဲ့နေ့မှာလာနိုင်မလားဆိုတာကို ကျွန်မကို ပြောပေးလို့ရမလားရှင့်။]

သာမန်ဆို အတန်းပိုင်ဆရာမသည် ဂူရှောင်း ရောက်လာရန် မျှော်လင့်မိသည်။ သို့သော်ငြား ပါမောက္ခဂူသည် အလွန်ပင်အလုပ်ရှုပ်လှသောလူဖြစ်ပြီး လာချင်မလာနိုင်လောက်ဘူးဆိုတာကို သူမ သတိထားမိသည်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now