Chapter-55 Was Gu Shao heading over to Zhang Qiang's place? (1)

5.3K 587 1
                                    

Unicode

စာရွက်ပေါ်တွင် လင်းရှီဟာ ကျောင်ရို့ဖု၏ ခြောက်ယောက်မြောက်သမီးဖြစ်ပေမယ့် လင်းရှီက ဘယ်လိုပုံမျိုးဆိုတာ သူ မသိပေ။

သူ့ရှေ့မှာရှိနေသော ကောင်မလေးချောချောလေးက ဘယ်သူမှန်း သူ မသိတာက သဘာဝကျပါသည်။

သူမက စုန်ခယ်ရှင်းသမီး ဖြစ်နိုင်လောက်မလား။

........
တစ်ချိန်လုံးမှာ ဂူရှောင်းက မျက်နှာပေါ်တွင် ခံစားချက်များများစားစားကို မဖော်ပြခဲ့ပါ။ သို့ပေမယ့် သူ့ဘေးက လင်းရှီကို ကျောင်ရို့ဖုက ကြည့်နေတာကိုမြင်တော့ ဂူရှောင်းမျက်နှာ မှောင်မည်းသွားသည်။

"မင်း...မင်းက ကျောင်စီရဲ့သားမက်လား"
ကျောင်ရို့ဖုမှ မသေချာစွာမေးလာသည်။

ဂူရှောင်း,"မဟုတ်ဘူး"

"ဒါပေမယ့် ဒီကိုရောက်လာရတဲ့ ရည်ရွယ်ချက်က ကျောင်စီနဲ့ပတ်သတ်တယ်"

"Oh, ဒါဆိုအထဲဝင်လေ"
ကျောင်ရို့ဖုသည် ဂူရှောင်းက ဘယ်သူဘယ်ဝါဆိုတာကို မသိပေမယ့် သူ့အသိစိတ်ကနေ ဂူရှောင်းက သူစော်စော်ကားကားသွားလုပ်လို့ မရသောသူဟု သတိပေးနေ၏။

.........
လင်းရှီလည်း ဂူရှောင်းဘေးကနေ ကပ်လိုက်သွားသည်။

အိမ်နှစ်အိမ်စလုံးက တစ်ရွာထဲမှာရှိပေမယ့် ကျောင်ရို့ဖု၏အိမ်က ကျောင်ချန်းအိမ်ထက် အများကြီးပိုကောင်းသည်။ အိမ်ကအသစ်ဆောက်ထားရုံတင်မက ကျောင်ချန်းအိမ်ထက် အများကြီးသန့်ရှင်းလှသည်။

ကျောင်ရို့ဖုက ဂူရှောင်းကို ဖိတ်လိုက်ကာ လက်ဖတ်ရည်တစ်လုံးချပေးသည်။

ကျောင်ရို့ဖု၏အိမ်ထဲမှာ လူတွေအများကြီးရှိနေသည်။ သူတို့တွေက တစ်ယောက်ဘေးတစ်ယောက် ရပ်နေကြပြီး ဂူရှောင်းနှင့်လင်းရှီကို ခိုးခိုးကြည့်နေ၏။

"ခင်ဗျားက ကျောင်စီရဲ့အသိမိတ်ဆွေလား။ ဒီနေ့ဘာလို့ ဒီကိုရောက်လာရတာလဲ"

ဂူရှောင်းသည်လည်း အချိန်ဆွဲမနေဘဲ တည့်တိုးပြောလိုက်တော့သည်။
"ရက်အနည်းလောက်က ကျောင်စီ ခင်ဗျားတို့မိသားစုအောက်ကို ကလေးတစ်ယောက်ရဲ့အိမ်ထောင်စုဇယားကို ပြောင်းခဲ့တယ်မလား"

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now