Chapter 152 Xu Fei's rainbow fart.

4.7K 655 31
                                    

Unicode

ဂူရှီသည် ဤအမျှော်လင့်ဘဲဖြစ်သွားခဲ့သည့်အရာကို အနာဂါတ်ကဆုကြေးငွေ ဝင်ငွေတွေနှင့် ဘယ်လိုပြန်ဖြည့်ရမလဲဆိုတာကို တွေးတောစိတ်ပူနေသည်။

သူမ မသိသည်မှာ သူမ သုံးလိုက်သောပမာဏသည် အကောင့်ထဲက စုစုပေါင်းbalanceနှင့် ယှဉ်လိုက်လျှင် ကုန်မှကုန်သွားရဲ့လားလို့တောင် မပြောပြနိုင်လောက်အောင် တကယ်ကိုအကြောင်းမဟုတ်လှဆိုတာကို ဖြစ်သည်။

...........
တစ်ချိန်တည်းတွင် ဂူရှောင်းသည် သုံးစွဲစရိတ်ဆီမှ မတ်ဆေ့ဂျ်တစ်ဆောင်ကို ရရှိခဲ့သည်။

[.......ယွမ်ကို နံပါတ်0717နှင့်ဆုံးသော သင်၏ထပ်ဆောင်းအပိုကတ်က I'liveမှာ သုံးစွဲခဲ့ပါသည်။]

ဂူရှီသည် အနုပညာပွဲတော်အတွက် အဝတ်အစားသွားဝယ်နေတာကို သိသည့်အတွက်ကြောင့် သုံးစွဲစရိတ်အတွက် မတ်ဆေ့ဂျ်ရလာသည့်အခါ ဂူရှောင်း မအံ့ဩမိပါ။ အကြည့်မလွဲခင် တစ်ချက်လောက်သာ လှမ်းကြည့်ခဲ့သည်။

သို့ပေမယ့် နောက်စက္ကန့်တွင် ရှော့ပ်ပင်းမောဆီမှ ရောက်လာသော မတ်ဆေ့ဂျ်သည် ဂူရှောင်းကို အံ့ဩသွားစေသည်။

[လေးစားအပ်ပါသော customerသို့၊ ကျွန်ုပ်တို့mallတွင် လူကြီးမင်း ဝယ်ယူခဲ့သော B*** အမျိုးသားဝတ်နက်တိုင်အတွက်..........] နောက်ကအကြောင်းအရာတွေကမူ after-sale serviceတွေနှင့် ညွှန်ကြားချက်တွေဖြစ်သည်။

"ငါ့ရဲ့အားထုတ်တွေက အလကားမဖြစ်ခဲ့ဘူးပဲ"
အံ့အားသင့်မှုကို ဘေးဖယ်ထားပြီးနောက် ဂူရှောင်းသည် တစ်ကိုယ်တည်းပြောလိုက်လေသည်။ အပြုံးတစ်ပွင့်သည် သူ့နှုတ်ခမ်းတွင် ပေါ်ပေါက်လာပြီး မတ်ဆေ့ဂျ်ကို နောက်ထပ်အခေါက်အနည်းငယ်လောက် ပြန်ဖတ်လေ၏။

ဂူရှောင်း,"ဒါဆိုလည်း suitဝတ်ရမှာပေါ့"

တစ်ဖက်၌ activityတွင် ဘော့စ်ဖြစ်သူအား အဖော်ပြုလိုက်ပါပေးနေသော ရှုဖေးသည် သူ့ဘော့စ်ဖတ်နေတာက ဘာမတ်ဆေ့ဂျ်လဲဆိုတာကို မသိပေမယ့် တစ်ခုကိုတော့ သူသတိထားမိလေသည်။ :မတ်ဆေ့ဂျ်ကို ဖတ်ပြီးနောက် သူ့ဘော့စ်၏ခံစားချက်က အတော်ကြီးကို တိုးတက်လာတယ်ဆိုတာကိုဖြစ်သည်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now