Chapter-40 This is some information that I was able to gather. (1)

5.3K 646 13
                                    

Unicode

သူမရဲ့တကယ့်အတွေး: ထိုမိသားစုက ရှောင်ရှီကို ဆိုးဆိုးဝါးဝါးဆက်ဆံခဲ့ကြတယ်။ ဒီကို ရောက်လာပြီးနောက် ရှောင်ရှီရဲ့နေ့ရက်တွေက ဘယ်လောက်တောင် သာယာနေတယ်ဆိုတာ သူတို့ကို ငါတို့ပြသပေးရမယ်။

ဟိုမှာဆိုရင် လင်းရှီအတွက် သူတို့က သိပ်မတွေးပေးပေမယ့် ဂူအိမ်တော်မှာဆိုရင်တော့ သူမက ရတနာလေးပဲ။

လင်းရှီ အန်တီပြောတာကို ထင်မြင်ချက်မပေးခဲ့ပေမယ် အန်တီမိုင်ရဲ့ ကြင်နာတဲ့တွေးပေးတတ်မှုကိုလည်း မငြင်းခဲ့ပါဘူး။

........
အဖေနှင့်သမီးအတွဲကတော့ ထွက်ခွာသွားကြလေပြီ။

လင်းရှီ ဂူရှောင်းရဲ့ဘေးမှာ ငြိမ်ငြိမ်လေး ထိုင်လိုက်သည်။

သူမသာ ဂူရှောင်းကို ခဏခဏ လှမ်းလှမ်းမကြည့်နေဘူးဆိုရင် သူမ၏ပုံစံ ကျောက်ရုပ်လိုမျိုး ဖြစ်နေလောက်မှာ။

ဂူရှောင်း လင်းရှီကို မျက်လုံးထောင့်ကနေ လှမ်းကြည့်လိုက်ကာ
"ကြောက်နေတာလား"

လင်းရှီ ခေါင်းရမ်းပြလျက်
"မဟုတ်ဘူး"

"အဲ့တာက သမီးမေးချင်တာလေး....ရှိလို့ပါ"
ထို့စကားကို ပြောပြီး လင်းရှီတွန့်ဆုတ်တွန့်ဆုတ် ဖြစ်သွားသည်။

"ဘာကိုလဲ?"

"အဖေနဲ့ သမီးအမေ သမီးပြောချင်တာ မစ်စုန်ခယ်ရှင်း.....ဒါတွေအကုန်လုံး ဘယ်လို ဖြစ်သွားတာလဲ"

ဂူရှောင်းသာ လင်းမိသားစုအကြောင်း သိတယ်ဆိုရင် ထို့နေ့က ဖြစ်ပျက်ခဲ့တာတွေကိုလည်း သိလောက်မှာ။ လင်းရှီသိချင်တာက စုန်ခယ်ရှင်းနဲ့ ဂူရှောင်းကြားက အဖြစ်ပျက်က ဘယ်လောက် ဆိုးရွားသွားသလဲဆိုတာရယ်၊ ဇာတ်လိုက်မင်းသား၊ မင်းသမီးတွေနဲ့ အမြောက်စာဇာတ်ကောင်လေးတွေကြားမှာ ဆွေးနွေးမှုဖြစ်နိုင်သေးသလား၊ ဒါမှမဟုတ် စစ်ပွဲပဲပိုအရှိန်တက်နိုင်လာမလား ဆိုတာကိုပါ။

သို့ပေမယ့် ဂူရှောင်းက သူမ၏စကားတွေကို တော်တော်လွဲစွာ အဓိပ္ပါယ်ကောက်လိုက်သည်။ သူ့ရဲ့အကြည့်က အေးခဲသွား၏။

ဘယ်လိုအခြေအနေအောက်မှာ မိန်းမနှင့် ယောက်ျားတစ်ယောက်က ကလေးတစ်ယောက်ကို ကိုယ်ဝန်ရနိုင်မလဲ?

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now