Chapter- 158 Dong MingMing was itching to find out how the two did.

4.6K 602 6
                                    

Unicode

တုန်မင်မင်သည် ရုတ်တရက် ကွန်ဖီးတန့်တွေပြည့်သွားခဲ့သည်။

ထိုကွန်ဖီးတန့်များသည် ဂူရှီဆီက ထွက်လာခဲ့သော နောက်စကားလုံးမတိုင်ခင်အထိသာ ကြာခဲ့လေသည်။

ဂူရှီ,"ငါ ရှန်းရှို့ယန်ဘက်ကနေ လောင်းမယ်"

တုန်မင်မင်,"!" တစ်ဆိတ်လောက် ပြန်ပြောလို့ရမလား?!

..........
ဂူရှီပြောတာကို ကြားအပြီးတွင် တုန်မင်မင်သည် ခံစားချက်မကောင်းတော့ပေ။

--ဘာ နေပါဦး။ ဂူရှီက ရှန်းရှို့ယန်ဘက်က လောင်း......လောင်းမှာ??

သူဘက်ကလောင်းရတာကို ဂူရှီက ဘာမှမဖြစ်ဘူးပေါ့။ အများကြီးတောင် လောင်းလိုက်သေးတယ်။

ဆိုလိုတာက ဂူရှီက သူမကိုယ်ကို ယုံကြည်ချက်မရှိလို့များလား။

ထိုအရာကို တွေးမိကာ တုန်မင်မင်သည် ရုတ်ခြည်းဖြင့် ထင်ရာတွေးကာ ညည်းညူးမိတော့သည်။
"ငါတော့သွားပါပြီ......."

သူမသည် 5.3ငါးအုပ်နှင့်နှင့် Top Studentsတစ်အုပ်ကို လောင်းထားတာ။ သူမသာ ရှုံးသွားခဲ့လျှင် နှစ်ဆဆိုသော လက်ရှိလောင်းကြေးအရ 5.3ငါးအုပ်၊ Complete Solutionsငါးအုပ်နှင့် Top Studentsနှစ်အုပ်ရလိမ့်မည်။

စည်းမျဉ်းအရ သူမသည် ထိုစာအုပ်တွေအကုန်လုံးကိ ဒီစာသင်နှစ်အတွင်း အပြီးလုပ်ရလိမ့်မည်။ သတ်မှတ်ထားသောအချိန်အတွင်း သူမဒါတွေအကုန်လုံးကို ပြီးရန်က မဖြစ်နိုင်ပေ။ သူမရဲ့ဘဝကို ကယ်တင်ဖို့တောင် မဖြစ်နိုင်တော့ပေ။

ဂူရှီကို ကြည့်ပြီး တုန်မင်မင်သည် နောက်ဆုံးတွင် စိတ်ပျက်အားလျော့မှုကို အဝေးထားလိုက်တော့သည်။

ဂူရှီသည် တုန်မင်မင်၏reactionသည် ရယ်စရာကောင်းသည်ဟု တွေးမိလေသည်။

တုန်မင်မင် စောနလေးက ဘာလို့ထိုကဲ့သို့တုံ့ပြန်ရသလဲဆိုတာကို ဂူရှီ မသိချေ။ သို့ပေမယ့် သူမလောင်းလိုက်တဲ့အရာကနေတစ်ဆင့် ဘာလို့ထိုကဲ့သို့တုံ့ပြန်ရလဲဆိုတာကို ဂူရှီသိရှိသွားခဲ့သည်။

တုန်မင်မင်ပေါ်က အကြည့်ကိုမြင်ကာ ဂူရှီသည် နည်းနည်းစိတ်မကောင်းတောင်ဖြစ်သွားသည်။ သူမသည် ပုခုံးကို ပုတ်ပေးလိုက်သည်။
"အရမ်းကြီးစိတ်ပူမနေပါနဲ့"

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now