Chapter-60 And Gu Shao confiscated all of them. (1)

5.3K 574 4
                                    

Unicode

အခုခေတ်လို အုပ်ချုပ်ရေးပိုင်းက မတင်းကျပ်သေးလို့ ကျောင်ချန်းနှင့်သူ့အဖွဲ့က ကိစ္စအနည်ထိုင်သွားသည်အထိ တခြားရွာမှာ ပုန်းရှောင်နိုင်ခဲ့လေသည်။

ဒီကိစ္စကို ပြန်ဖော်လိုက်တာက ကျောင်ချန်းကို နှစ်အနည်းငယ်လောက်ထောင်ထဲထည့်ထားဖို့ လုံလောက်ပါသည်။

.........
"မင်း ကြည့်ဖို့လုပ်နေတုန်းပဲလား"
လင်းရှီက ခေါင်းကိုလှည့်ကာ ကြည့်ဖို့ကြိုးစားနေတုန်းပဲဆိုသည်ကို သူသတိထားမိ၍ မျက်နှာပျက်စွာ ပြောလာခြင်းဖြစ်သည်။

"Mmm မဟုတ်ပါဘူး"
လင်းရှီ တစ်ဖတ်ကိုမျက်နှာလွဲကာ ပျော့ပျောင်းငြင်သာစွာ ရှင်းပြလာသည်။
"သမီးက သူအသက်ရှင်သေးလားလို့ပဲ သိချင်ရုံတင်ပါ"

သူသာသေသွားရင် တော်တော်ဒုက္ခဖြစ်နိုင်လောက်လေသည်။

လင်းရှီ နည်းနည်းစိတ်ပူမိ၏။

"မစိုးရိမ်နဲ့"
လင်းရှီ၏ခပ်ပြုံးပြုံးအပြောတွင် စိုးရိမ်နေမှုပါနေသည်အား ဂူရှောင်းတွေ့မိပါသည်။

"ကားထဲဝင်"
ဂူရှောင်းက မပျော်မရွှင်ဖြင့် ဆိုလိုက်၏။

လင်းရှီ,"Oh"

............
သူတို့ ကားထဲပြန်ရောက်သွားပြီးနောက် ကားက ကျောင်ချန်းအိမ်ကနေ မြန်မြန် မောင်းထွက်သွားသည်။

လင်းရှီ အိမ်ကနေ မျက်စိခွာလိုက်ပြီး သူမဘေးနားက တည်ငြိမ်နေသော ဂူရှောင်းအပေါ် အကြည့်ရောက်သွား၏။ စောစောက သူမမျက်မြင်ကြုံတွေ့ခဲ့ရသော အဖြစ်ပျက်ကို ပြန်သတိရသွားကာ မယုံသံသယ ပွားများလျက်ရှိသည်။

"အဖေ သမီး အဲ့ဒီကို မရောက်ခင်တုန်းက အဖေ ကျောင်ချန်းကို တကယ်ကြီး ရိုက်နေတာလား"
လင်းရှီ မမေးမြန်းဘဲ မနေနိုင်ပေ။

ဂူရှောင်းသည် ငြင်းဆိုခြင်း မရှိခဲ့သော်လည်း
"အကြမ်းဖတ်တာက ပြဿနာတွေရဲ့ ဖြေရှင်းချက်မဟုတ်ဘူး။ အကြမ်းဖတ်မှုကို ဖြေရှင်းချက်အဖြစ်သုံးတာကို ငါမထောက်ခံဘူး"

ထိုစကားကိုကြားပြီး လင်းရှီ၏နှုတ်ခမ်းထောင့် တွန့်သွားသည်။ သူမ တစ်ကိုယ်တည်း တွေးလိုက်မိ၏။ ဒါက လူတွေပြောတဲ့ နှစ်ဖတ်ချွန်ဆိုတာမျိုးလား။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now