Chapter-66

5.3K 619 18
                                    

"You tell him. If he doesn't come back then, he never needs to come back again." (2)

.......
Unicode

သခင်ကြီးဂူက သက်ပြင်းချလိုက်မိသည်။
"အရင်ကဖြစ်ခဲ့တာတွေနဲ့ မင်းအကိုကြီးနဲ့ပတ်သတ်တာတွေက တကယ်တော့......"

စကားတစ်ဝက်မှာပဲ သခင်ကြီးဂူရပ်ပစ်ကာ သက်ပြင်းချတော့၏။

ဖုန်းချသွားပြီးနောက် မပျော်မရွှင်ဖြစ်နေပုံရသော သခင်ကြီးဂူသည် ကုလားထိုင်ပေါ်ထိုင်နေ၏။

.........
အိမ်တော်ထိန်းကျိုးက ထိုအခြင်းအရာကိုမြင်တော့ သခင်ကြီးဂူကို နှစ်သိမ့်​ပေးရန် အမြန်ရောက်လာလေသည်။
"Sir ဖြစ်ခဲ့တာတွေက တော်တော်ကြာသွားပါပြီ။ အဲ့တာတွေကို အခုထိစိတ်အနှောင့်ယှက်အဖြစ်မခံသင့်ဘူး။ အဲ့တုန်းကဖြစ်ခဲ့တာတွေက ဘယ်သူ့အမှားမှမဟုတ်ပါဘူး"
ပြီးတော့ ဂူရှောင်းက အမှန်တရားကိုသိပြီးလောက်ပြီဆိုတာကို သူသိနေတယ်။ သခင်ကြီးဂူထက်တောင် အသေးစိတ်အချက်လက်ကို ပိုသိနေလောက်သည်။

ဂူရှောင်းက ဖြစ်ခဲ့တာတွေအတွက် သခင်ကြီးဂူကို တကယ်အပြစ်မတင်ဘူးဆိုတာကို သူခံစားမိပါသည်။

ဂူရှောင်းမှာ တခြားအကြောင်းပြချက်ရှိလို့ဖြစ်နိုင်လောက်တယ်။

"ဟုတ်တယ်။ အတိတ်မှာဖြစ်ခဲ့တာတွေက အတိတ်မှာဖြစ်ခဲ့တာပဲ"
သခင်ကြီးဂူက သက်ပြင်းရှည်ကြီးမချခင် ပြောလိုက်ခြင်းဖြစ်သည်။
"ငါတို့ရဲ့မင်းသမီးလေးက တခြားလူရဲ့အိမ်ထောင်စုအောက်ကို ရောက်သွားလို့ ဝမ်းနည်းရုံလေးတင်ပါ"

အိမ်တော်ထိန်းကျိုးက ထိုစကားကိုကြားပြီး ရယ်ချင်မိသွား၏။ အိမ်ထောင်စုဇယားကို ဒုတိယသခင်လေးအောက်ကို ပြောင်းလိုက်တာပါ။ ဘယ်လိုလုပ် တခြားလူဖြစ်ရမှာလဲ။

အိမ်တော်ထိန်းကျိုး,"ဒုတိယသခင်လေးက မမလေးကိုကာကွယ်ပေးချင်ရုံတင်ပါ"
ဂူမိသားစုက အရမ်းကိုကြီးလွန်းပြီး အာရုံစိုက်ခံရဖို့ ဆွဲဆောင်နိုင်သည်။

ထိုစကားကို ကြားရတာ သခင်ကြီးဂူ ပျော်မနေပါ။
"ကာကွယ်ဖို့? ဒါဆို မင်းပြောတာ ငါတို့ကသူမကို ကာကွယ်မပေးနိုင်ဘူးလို့လား။ အခုဂူမိသားစုက အရင်ကငါတို့လုပ်ခဲ့သလိုမျိုး ရူးမိုက်တာတွေကို တစ်ခါမှမလုပ်ခဲ့ဘူး"

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now