Chapter-45 In addition, there seemed to be a recording. (2)

5.4K 649 2
                                    

Unicode

အဖေတစ်ယောက်အနေနှင့် သူ့ကလေး၏ လုံခြုံကာကွယ်မှုရေးအတွက် ဒီကိစ္စတွေနှင့် လင်းရှီဘယ်လိုမွေးလာတယ်ဆိုတာ ဘယ်သူကိုမှ ပြောပြမှာမဟုတ်ပါ။ ဒါပေမယ့် အဲ့တာက သူ့ကိုခြိမ်းခြောက်လို့ရတယ်လို့ ဆိုလိုတာမဟုတ်ဘူး။

"ခင်ဗျား ခင်ဗျားသမီးကို သွားကြည့်သင့်တယ်။ မဒမ်ကျောင်"

ဂူရှောင်း လင်းမိသားစုကို နှုတ်ဆက်ကာ လင်းရှီနှင့်ထွက်လာခဲ့သည်။

..........
လင်းရိဇယ်မှာ အစပိုင်းက အစီစဥ်ရှိသည်။ ကျောင်စီက လင်းရှီ၏အိမ်ထောင်စုဇယားကို ပြောင်းလိုက်ပြီလို့ ဂူရှောင်းကို အခုလို ပြောလိုက်တာကို လင်းရိဇယ် ပျော်မနေပါ။ ဒါပေမယ့် သူမကိုတားဖို့ တော်တော်နောက်ကျသွားပြီ။

သူ့အိမ်ကနေ ထွက်သွားနေတဲ့ အဖေနှင့်သမီးအတွဲကို ကြည့်ပြီး လင်းရိဇယ် လက်သီးတင်းတင်း ဆုပ်လိုက်ကာ ရက်စက်မှုအရိပ်ယောင်တွေ သူ့မျက်လုံးထဲ ဖြတ်ပြေးသွားသည်။

ဤအချိန် လူတိုင်းက မေ့လဲသွားတဲ့ စုန်ခယ်ရှင်းကို ဂရုစိုက်ဖို့ အလုပ်ရှုပ်နေကြစဥ် ဘယ်သူကမှ စောစော အိမ်ကိုပြန်ရောက်လာပြီး ထောင့်လေးမှာ ပုန်းနေတဲ့ လင်းအန်ရှင်းကို ဘယ်သူကမှ သတိမထားမိခဲ့ကြပါ။

.......
ဂူရှောင်း ကားပေါ်ရောက်တော့ ဝမ်ဝူဆီကို ဖုန်းခေါ်လိုက်သည်။

"Sir"

"ကျောင်ရွာဆီကို စုံစမ်းကြည့်လိုက်။ လင်းရှီရဲ့အိမ်ထောင်စုဇယားကို ဘယ်ပြောင်းသလဲဆိုတာကို ငါသိချင်တယ်"

"ဟုတ်ကဲ့ Sir"

ဂူ​ရှောင်း ဖုန်းချပြီး လင်းရှီကို ကြည့်လိုက်သည်။

လင်းရှီက ခေါင်းကို ငုပ်ထားပြီး လင်းအိမ်တော်က ထွက်လာကတည်းက စကားတစ်လုံးမှ မပြောလာဘူး။

လင်းမိသားစုရဲ့ အချစ်တော်က လင်းအန်ရှင်းဖြစ်ပြီး လင်းအန်ရှင်းကို ဘက်လိုက်ကြတယ်ဆိုတာ သူမ သိပါတယ်။

ဒါပေမယ့် သူမကို တည်ကြက်အဖြစ် သုံးတာ၊ သူမကို ပျောက်သွားအောင်လုပ်တာ၊ မတော်တဆ သေသွားအောင်လုပ်တာ စတဲ့ တခြားကိစ္စတွေကိုတော့ သူမ မသိဘူး။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now