Chapter-154 The rumor put the Gu family right in the middle of the spotlight.

4.6K 645 7
                                    

Unicode

သူမထိုင်လိုက်လျှင် spotlightသည် ပိတ်သွားပြီး ဂူရှီနှင့်စန္ဒယားနားတွင် အလင်းရောင်ခြည်ကွင်းလေးက အစားထိုးလာသည်။

အကူးအပြောင်းက တရစပ်တည်းဖြစ်ပြီး မပြေပြစ်တာမျိုးလည်း မရှိပေ။

အသေတချာသာ ကြည့်မည်ဆိုလျှင် သူမဘေးကအလင်းရောင်ခြည်သည် spotlightလိုမျိုး ရောက်လာတာမဟုတ်ဘူးဆိုတာကို သိနိုင်လိမ့်မည်။ လေထုလေးထဲမှ သူမပတ်ပတ်လည်ကို ရစ်ဝဲလျက်ပေါ်ပေါက်လာတာဖြစ်သည်။

...........
ပရိသတ်အများစုကမူ အသေးစိတ်ကို သတိမမူမိကြပေ။

လူတိုင်းသည် ဂူရှီကို အာရုံစိုက်ထားနေကြသည်။ ဤကဲ့သို့သော စတိတ်စင်မျိူးက လှပပေမယ့် ရိုးရိုးကြီးဖြစ်နေတုန်းပင် ဖြစ်သည်။ အထူးသဖြင့် လူတွေ၏နှလုံးသားကို မြူးကြွသွားစေခဲ့သော dance performanceအပြီးမှာ ဖျော်ဖြေရတော့ ပိုဆိုးတာပေါ့။

"နည်းနည်း ဟာတာတာကြီး ခံစားရတယ်"

"အင်း ခံစားရတာ နည်းနည်းတစ်ခုခုလိုနေသလိုပဲ....."

ပရိသတ်အများစုသည် ဤအကြောင်းကို စတင်ပြောဆိုလာကြသည်။ တစ်ချို့ကဆို ဤဖျော်ဖြေမှုက အလွန်ရှည်လွန်းလှသည်ဟုပင် ခံစားနေရသည်။

"musicက အရမ်းကြီးရှည်မှာတော့ မဟုတ်ဘူးမလား"

"ငါလည်းမသိဘူး။ ငါကြားတာတော့ သူတို့တွေ အလယ်မှာ နည်းနည်းဖြတ်ခဲ့တယ်တဲ့။ ဒါပေမယ့် အဲ့လိုဆိုရင်တောင်မှ အနည်းဆုံး နှစ်မိနစ်သုံးမိနစ်လောက်ကြာမှာ"

"အဲ့လောက်တောင် ရှည်တာလား။ အလယ်မှာ ထပြန်သွားရင်လည်း ကြောင်တောင်တောင်ကြီးဖြစ်နေဦးမှာ......." ဘာပဲဖြစ်ဖြစ် ဒါက နောက်ဆုံးဖျော်ဖြေမှုလေ။ ပြီးတော့ လူတွေက ပန်းနေပြီးသားဖြစ်နေပြီ။

ထိုလူစကားဆုံးအောင် မပြောနိုင်လိုက်ခင် တိကျပြတ်သားသော noteနှစ်ခုသည် စန္ဒယားမှ ရုတ်ခြည်းထွက်ပေါ်လာ၏။

နောက်တစ်စက္ကန့်တွင် ခန်းမကလူတိုင်းသည် သူတို့၏အာရုံကို စင်ပေါ်သို့ ပြန်ထားလိုက်ကြသည်။

သူတို့အာရုံရမိသွားသည်မှာ ဂူရှီ၏စန္ဒယားဖျော်ဖြေမှုမဟုတ်ပေ။ ပိန်းပိတ်လုနီးပါးမည်းမှောင်နေသော စင်ပေါ်တွင် ဖြတ်ခနဲလင်းသွားသော အလင်းရောင်ကိုဖြစ်သည်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now