Chapter-138

5.4K 691 52
                                    

She had seen that name before. Except it was Xie Yaobai, not Gu Yaobai. (3)

............
Unicode

ထိုနေရာတွင် မတ်မတ်ကြီးရပ်နေတာက နည်းနည်းရှက်စရာကောင်းလှသည်။

ဂူရွှယ်အာသည် ပြုံးကာ အရှက်ရမှုကို ခါချလိုက်ရန် အချိန်သိပ်မယူလိုက်ရပေ။ သူမက အခြားတစ်ဖက်ကို သွားပြီး ဂူရှီနှင့် မျက်နှာချင်းဆိုင်နေရာတွင် ထိုင်လိုက်သည်။ 

..............
ဂူရွှယ်အာသည် သူမကိုယ်ကို ကိုးရိုးယားကား ဖြစ်ခွင့်မပြုပေ။ သူမက ဂူရှီကို ကြည့်၍ သိချင်စွာ မေးမြန်းလေသည်။
"HSAUကို ကျောင်းပြောင်းလာတာလား ရှီရှီ"

"အင်း"
ဂူရှီသည် ခေါင်းညိမ့်လိုက်၏။

ဂူရွှယ်အာသည် ပြုံးလျက်
"ဒါကြောင့် နင့်ကို အရင်က ကျောင်းမှာ မြင်လိုက်ရတာကိုး"

ထိုသို့ပြောပြီး သူမက ဂရုတစိုက် ထပ်မေးလေသည်။
"ကျောင်းအသစ်မှာ ဘယ်လိုနေလဲ"

"ကောင်းပါတယ်"

"ကြားရတာ ဝမ်းသာပါတယ်"
ထို့နောက် ဂူရွှယ်အာသည် ဖော်ဖော်ရွှေရွှေနှင့် ပြောလေသည်။
"ငါက ဂျူနီယာအတန်းရဲ့ class 6မှာလေ။ နင် ဘယ်အကူညီမဆို လိုအပ်လာရင် ငါ့ဆီလာလို့ရတယ်"

ဂူရွှယ်အာ ပြောပြီးပြီးချင်း ဂူရှီသည် ယဥ်ကျေးစွာ ကျေဇူးတင်ရန် လုပ်နေချိန်၌ ဂူချန်းရီ၏ ညူစူပြောဆိုမှုကို သူမ ကြားလိုက်ရသည်။
"အဲ့တာအတွက် မင်းကိုမလိုအပ်ဘူး"

ဂူရှီ ဂူချန်းရီကို ကြည့်လိုက်သည်။ သူမ တွေဝေနေရသည်။ –ဂူရွှယ်အာက ဂူမိသားစု၏တစ်စိတ်တစ်ပိုင်းဆိုလျှင် ဘယ်သူကမှ ဒီတတိယဦးလေးနှင့် ဂူရွှယ်အာအကြောင်းကို အရင်တုန်းက ဘာလို့မပြောပြတာလဲ။

ဂူရှီ၏စိတ်ရှုပ်ထွေးမှုကို သတိထားမိပြီး ဂူချန်းရီက သူမကို တိုးတိုးပြောလေသည်။
"ငါတို့ရဲ့ group chatထဲမှာ မင်းကိုပြောပြမယ်"

[ပျော်ရွှင်စရာမိသားစုတစ်စု], [မိသားစုအပျော်ကို ဖန်တီခြင်း] စသဖြင့် chat groupတွေအပြင် ဂူရှီသည်လည်း သူတို့စထောင်လိုက်သော groupအသစ်တစ်ခုထဲသို့ ထည့်ခံလိုက်ရသည်။ :[ဂူမိသားစု၏အချောလေးသုံးယောက်နှင့်အလှလေးတို့၏ခံတပ်]

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now