Chapter-83 He was Just about to ask who this Gu Xi was.(1)

5.1K 593 6
                                    

unicode

ဂူရှီသည် အတန်းချိန်ကြားထဲမှာ အတန်းပိုင်ဆရာမ ခေါ်တာကိုခံလိုက်ရသည်။

ဂူရှီ,"ဘာဖြစ်လို့လဲ ဆရာမချန်"

ဂူရှီကို တွေ့လိုက်ချိန်တွင် ဆရာမချန်သည် ဖော်ရွေသောအပြုံးကို ဆင်မြန်းထားသည်။
"Oh,သမီးရောက်လာပြီပဲ။ ဒီကိုလာ ဂူရှီ။ ဆရာမ သမီးကို ကိစ္စတစ်ခုပြောချင်လို့"

..........
အတန်းပိုင်ဆရာမဆီ ဂူရှီလျှောက်သွားချင်း အတန်းပိုင်ဆရာမ သူမကို ပြောလိုက်သည်။
"City Bရဲ့ ပူးတွဲသိပ္ပံပြိုင်ပွဲက နောက်တစ်ပတ်မှာ။ သမီးသိတယ်မလား"

ဂူရှီ ခေါင်းညိမ့်ပြလေသည်။
"သမီးသိပါတယ်"

ပူးတွဲသိပ္ပံပြိုင်ပွဲက City Bမှ ထိပ်ဆုံး26 ပထမနှင့် ဒုတိယတန်းအဆင့် ဂျူနီယာအထက်တန်းကျောင်းတွေ ပူးတွဲကျင်းပသောပွဲဖြစ်သည်။

ပြိုင်ပွဲကို နှစ်တိုင်း ယခုလိုအချိန်တွင် ကျင်းပလေ့ရှိသည်။

ဂူရှီသည် မနှစ်တုန်းက လီမင်ကိုယ်စားပြုဖြစ်သည်။ သို့ကြောင့် ပြိုင်ပွဲကို သူမ သိနေတာဖြစ်သည်။

ဂူရှီခေါင်းညိမ့်ပြသည်ကို မြင်တော့ အတန်းပိုင်ဆရာမသည် ပြုံးလျက် ဆက်ပြောလေသည်။
"ဒီနှစ် ဆရာမတို့ရဲ့အစီစဥ်က ဂျူနီယာနှစ်ကို freshmanက ကိုယ်စားပြု နှစ်ယောက်၊ သုံးယောက်နဲ့ သုံးယောက် အသီးသီးလွှတ်မယ်လို့ စီစဥ်ထားတာ။ ဆရာမတို့ gradeက သုံးယောက်စာရတယ်"

အတန်းပိုင်ဆရာမ ရှင်းပြတာကို နားထောင်ရင်း ပြိုင်ပွဲပုံစံအကြောင်းကို သူမ ပြန်အမှတ်ရသွားသည်။ ပူးတွဲပြိုင်ပွဲက တစ်ခြားပြိုင်ပွဲတွေနဲ့မတူတာက သုံးရက်ကြာ ယှဥ်ပြိုင်ရတာဖြစ်သည်။ ပထမနှစ်ရက်မှာ သင်္ချာ၊ ရူပ၊ ဓါတုနှင့် ဇီဝကို တစ်ဦးချင်းစီ ပြိုင်ရမှာဖြစ်ပြီး နောက်ဆုံးနေ့တွင် အချိန်ကန့်သတ်ဖြင့် ပူးတွဲပြိုင်ရမှာဖြစ်သည်။

ကျောင်းတစ်ကျောင်းချင်းစီက ကိုယ်စားပြု8ယောက်ပို့ရမှာဖြစ်ပြီး ကျောင်းတိုင်းက သူတို့အသင်းဖွဲ့စည်းပုံစံကိုလည်း ဆုံးဖြတ်ခွင့်ရှိသည်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now