Chapter-156 Who am I? Where am I?

5.4K 668 21
                                    

Unicode

ဂူရှီ၏တောင်းဆိုချက်ကို ကြားချိန်တွင် ဂူရှောင်းသည် တုံ့ဆိုင်းခြင်းအလျှင်းမရှိ ခေါင်းညိတ်လိုက်သည်။
"အင်း"

အနည်းငယ် ရပ်လိုက်ပြီး သူကထပ်ပြောလေသည်။
"ပိတ်ရက်မှာ Aတက္ကသိုလ်ကို အဖေနဲ့လိုက်ခဲ့"

........
ဂူရှောင်းသည် ပိတ်ရက်တွင် ဂူရှီအား Aတက္ကသိုလ်သို့ သူနှင့်အတူတူခေါ်သွားသည်။

ဂူရှီသည် တစ်လမ်းလုံးတွင် အရမ်းစိတ်လှုပ်ရှားပြီး တစ်ချိန်လုံး ပျော်ရွှင်နေသည်။

ဂူရှီကိုကြည့်ပြီး ဂူရှောင်းသည် မျက်ခုံးပင့်လိုက်ကာ မေးမြန်းလေသည်။
"ပျော်နေလား"

"ပျော်တာပေါ့"
ဂူရှီ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ဂူရှောင်းကို မော့ကြည့်ပြီး တောက်ပစွာ ပြုံးပြလေသည်။ သူမက စိတ်လှုပ်တရှားဖြင့် ရှင်းပြလေသည်။
"Aတက္ကသိုလ်က သမီးရဲ့ dream schoolလေ"

"နံပါတ်........"
ဂူရှီသည် ပထမတုန်းးက လက်တစ်ချောင်းထောင်ပြီး ထို့နောက် နောက်တစ်ချောင်းကို ထပ်ထည့်လိုက်သည်။
"သမီးရဲ့နံပါတ်နှစ်ပဲ"

Aတက္ကသိုလ်က သူမ၏နံပါတ်နှစ်ဆိုတာကို ကြားပြီး ဂူရှောင်းသည် မကျေနပ်မှုအရိပ်အယောင်ကို ခံစားလိုက်ရသည်။

ထိုခံစားချက်ကို မပြသဘဲ သူကနောက်ထပ်မေးမြန်းလိုက်သည်။
"ဘာကနံပါတ်တစ်လဲ"

"Bတက္ကသိုလ်"
ဂူရှီသည် တွေးတောခြင်းမရှိဘဲ ပြန်လည်ဖြေဆိုလိုက်သည်။

လမ်းတစ်ဖက်က သူတို့နဲ့မျက်နှာချင်းဆိုင် ငါးဆားနူကျောင်းကိုများ။
ဂူရှောင်း,"........." သူသည် ပိုပြီးတော့တောင် မကျေမနပ်ဖြစ်လာခဲ့သည်။

"သမီးအတွက်ဆို Aတက္ကသိုလ်က Bတက္ကသိုလ်ထက် ပိုကောင်းတယ်"
ဂူရှောင်းပြောတာကမှန်ပါတယ်။ ဂူရှီအတွက်ဆို Aတက္ကသိုလ်က Bတက္ကသိုလ်ထက် ပိုကောင်းသည်။ ဂူရှီ ကောလိပ်တက်တော့မယ့် အချိန်အထိ သူမ စိတ်ဝင်စားတာက အီလက်ထရောနစ်နည်းပညာသာဖြစ်နေသေးရင် Aတက္ကသိုလ်သည် Bတက္ကသိုလ်ထက ပိုကောင်းသော ပရိုဂရမ်တွေကို သင်ကြားပေးမည်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now