Chapter-14 A valedictorian would always be a valedictorian (1)

5.1K 639 0
                                    

Unicode

"ကားမူးနေတာလား။ မင်းငါ့ကို ဖြေးဖြေးမောင်းစေချင်လား"

လင်းရှီ သူမစိတ်ကို ပြန်လည်စုစည်းလိုက်ကာ ပြောလိုက်သည်။
"ဟင့်အင် ရပါတယ်။ အရှိန်လျှော့စရာ မလိုပါဘူး"
သူမက ဂူရှောင်းကို တွေ့ရင် သူတို့ရဲ့သွေးသားတော်စပ်မှုကို ရှင်းပြသင့်သလားနဲ့ သူမှာ သူမအရွယ်သမီးတစ်ယောက်ရှိတယ်ဆိုတဲ့ အချက်ကို ဘယ်လို သိမ်းသွင်းရမလဲဆိုတာ တွေးနေခဲ့တာ။

.......
ရွာနဲ့City B က နာရီနည်းနည်းလောက်တော့ကြာတယ်။ ခရီးကတော့ သိပ်ထူးထူးခြားခြားတော့ မရှိဘူး။

သူမ ကားထဲမှာ တိတ်တိတ်ပဲနေကာ လိုက်လာပြီး တစ်ခါတစ်ရံတော့ ကားဒရိုက်ဘာ ပြောပြတဲ့ City B မှာhipဖြစ်နေတဲ့ အရာတွေ အစားသောက်နဲ့ အပျော်အပါးအတွက် သွားလို့ကောင်းတဲ့နေရာတွေအကြောင်း နားထောင်နေလိုက်သည်။

တစ်ညလုံး မအိပ်ဘဲနေခဲ့ပေမယ့် လင်းရှီလုံးဝကို ပင်ပန်းတယ်လို့ မခံစားရဘူး။

သူတို့ NTNနည်းပညာစင်တာနား နီးလာခဲ့အခါမှာ ကားဒရိုက်ဘာက ရပ်ပြီး လင်းရှီကိုရှင်းပြလိုက်သည်။
"ဒါငါသွားနိုင်သလောက်ပဲ။ မင်းကိုဒီနေရာမှာ ချပေးခဲ့တော့မယ်"

လင်းရှီ အဆင်ပြေကြောင်းဖော်ပြလိုက်ပြီး ကျေးဇူးတင်လိုက်ကာ ကားအပြင်ဘက်ကို ထွက်လိုက်သည်။

NTN နည်းပညာစင်တာရှေ့ ရပ်လိုက်ပြီး ခမ်းနားမြင့်မားတဲ့ အဆောက်အဦးကြီးကို မော့ကြည့်လိုက်ကာ သူမကိုယ်ကို တွေးတောလိုက်သည်။
"ဒါဆို ဒါကဒဏ္ဍာရီလာ NTNနည်းပညာစင်တာပေါ့။ သေချာသလောက်ကိုပဲ အဲ့ဒီကထွက်နေတဲ့ အော်ရာကတောင် ခြိမ်းခြောက်မှုကို ခံစားရတယ်။

ဒီနေရာက သူမအမြဲတမ်း သွားချင်နေတဲ့နေရာပဲ။ သူမအရင်က ကျောင်းပွဲတော်အတွက် ရေးခဲ့တဲ့စာစီစာကုံးကို အမှတ်ရသွားတယ်။ ခေါင်းစဥ်က အိမ်မက်တဲ့။ သူမတရုတ်မှာ အငယ်ဆုံးပရော်ဖတ်ဆာဖြစ်လာပြီး NTNနည်းပညာစင်တာကို ဝင်ခွင့်ရတဲ့အကြောင်း ရေးထားခဲ့တာ။

နောက်ပိုင်းမှာ သူမစာစီစာကုံးက နမူနာအဖြစ် အရွေးခံရခဲ့သည်။ ကံဆိုးစွာနဲ့ပဲ သူမစိတ်လှုပ်ရှားစွာ သူမမိသားစုကို ပြောပြတဲ့အခါမှာ စုန်ခယ်ရှင်းက အေးအေးစက်စက်သာ ကြည့်လိုက်ပြီး ပြောလိုက်တယ်။
"Oh ကောင်းတာပေါ့"
တခြားသူတွေကတော့ မျက်တောင်တောင် မခတ်ကြဘူး။ သူတို့က လင်းအန်ရှင်းအတန်းရဲ့ အဖွဲ့လိုက်အကကို ကြည့်ဖို့အလုပ်ရှုပ်နေခဲ့ကြတယ်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now