Chapter-157

4.5K 532 13
                                    

The project for Youth Innovation Compection brought about heated discussions.

.......
Unicode

"ထုတ်လွှတ်တာနဲ့ အဓိပ္ပါယ်ဖော်တာအတွက်ကတော့......."
ခဏရပ်၍ ရှန်းရှို့ယန်သည် ထပ်ပြောလေသည်။
"အဲ့တာက ပရိုဂရမ်ရိုးရိုးလေးတွေပဲ။ အသေးမွှားလေးပါ"

ရှန်းရှို့ယန်၏စကားကိုကြားပြီး ဂူရှီသည် အနည်းငယ်ကြောင်သွားသည်။ သူမ မျက်ခုံးအနည်းငယ်ပင့်လိုက်သည်။ သူပြောတဲ့ပုံစံက.....ဘာလို့အရမ်းရင်းနှီးသလိုခံစားနေကြတာလဲ။ အရင်က သူမ ကြားဖူးသလိုပဲ။

............
ဂူရှီ၏စပ်စုသောအကြည့်လေးကို မြင်ကာ ရှန်းရှို့ယန်သည် ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားကာ သူ့မျက်နှာတောင့်တင်းသွားသည်။

ရှန်းရှို့ယန်,"မေးချင်တာရှိလို့လား"

ရှန်းရှို့ယန်၏နှုတ်ခမ်းထောင့်များသည် တင်းတင်းကျပ်ကျပ်ဖြစ်နေပြီး သူ့ကိုယ်သူ ပြုံးနေရန် အလွန်ပင်ကြိုးစားလုပ်ဆောင်နေရသည်။

ဂူရှီ,"နင် codingမှာ အတော်တော်လား"

ရှန်းရှို့ယန်က ပြိုင်ပွဲကို အပျော်ရှာဖို့လောက်သာ ရောက်လာတာလို့ သူမ ထင်နေတာ။ သူcodingလုပ်တတ်လိမ့်မည်ဟု သူမ မထင်ထားပေ။

"နိုး အဲ့လောက်မတော်ပါဘူး။ သာမန်ပါပဲ။ ပြောချင်တာက ငါသင်ဖို့စလုပ်နေတာ။ beginnerလယ်ဗယ်လောက် ဖြစ်လောက်မယ်"
ရှန်းရှို့ယန်သည် အခုတွင် သူ့နားရွက်တွေ ဘယ်လောက်နီနေသလဲဆိုတာကို မသိဘဲ ခါးကိုမတ်လိုက်ကာ တွေးမိရာလျှောက်ပြောတော့သည်။

"အဓိကကတော့ ဒါက ရိုးရှင်းတဲ့ပရိုဂရမ်လေးပဲ ဖြစ်သွားမှာမလို့ အရမ်းမခက်တာ"
ရှန်းရှို့ယန် ထပ်ပြောလိုက်သည်။

သူပိုပြောလေ သူတစ်ခုခုကို ကြိုးစားဖုံးကွယ်နေပုံပေါ်လေသည်။

--ရှန်းရှို့ယန် စကားအများကြီးပြောတာက အတော်ရှားလှသည်။

ဂူရှီသည် မျက်ခုံးပင့်လိုက်သည်။ ရှန်းရှို့ယန်ကို စက္ကန့်အနည်းငယ်လောက် စိုက်ကြည့်ပြီးနောက် အဆုံးတွင် သူမ ရယ်မိလိုက်သည်။
ဂူရှီ,"နင်လုပ်နိုင်သရွေ့အဆင်ပြေပါတယ်"

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now