Chapter-147 "I like this headgear. Where can I find one."

5K 665 19
                                    

Unicode

ဒုတိယကတ်သည် အကောင့်ထဲက ပမာဏ၏သုံးဆယ်ရာခိုင်နှုန်းကို ထုတ်ယူနိုင်သည်။

တစ်ချိန်တည်းမှာပဲ ဂူရှောင်းသည် ဝမ်ဝူကို နောက်ထပ် featureတစ်ခုအား ထည့်ခိုင်းထားသည်။ — ကတ်ကို အသုံးပြုလိုက်သည့်အချိန်တိုင်း သူမတ်ဆေ့ဂျ်ရမှာဖြစ်သည်။

...........
မယ်ချမ်းသာလေး အာ မဟုတ်သေးဘူး စူပါသူဌေးမလေး ဖြစ်သွားတာကို မသိသော ဂူရှီသည် လက်ထဲကကတ်နှင့်အတူ အခန်းသို့ ပျော်ပျော်ရွှင်ရွှင်ပြန်သွားခဲ့သည်။

သူမ၏စိတ်လှုပ်ရှားမှုက အနည်ကျလာချိန်တွင် ဒီနေ့သူမဖုန်းက အတော်လေး တိတ်နေသည်ကို ဂူရှီ သတိထားမိသွားသည်။ သူမ ဖုန်းကို ကောက်ကိုင်လိုက်တော့ [ထျန်းချူအန်းညီလာခံမှတိုက်ပွဲ]group chatတွင် ဘာမတ်ဆေ့ဂျ်မှ မရှိတာကို အံအားသင့်စွာ တွေ့လိုက်ရသည်။

အံ့သြသွားပြီးသည့်နောက်တွင် ဂူရှီသည် ဒီနေ့ သူမဆီမှာပေါ်လာသောအတွေးအကြံတွေကို စီစဉ်ပြီး documentတစ်ခုထဲ ရိုက်ကာ groupထဲသို့ ပို့လိုက်သည်။

[X]: ငါfeatureတွေအတွက် တခြားအကြံ​တွေကို ရလာတယ်။ အဲ့တာတွေက ငါတို့လက်ရှိ ရှိနေတဲ့အရာတွေနဲ့ ကတောက်ကဆတ်ဖြစ်မှာမျိုး မရှိဘူးလားဆိုတာ သေချာအောင် ကြည့်ပေးလို့ရမလား။

ပြန်စာရောက်လာဖို့က အချိန်သိပ်မကြာလိုက်ပေ။

သို့သော် ဒီတစ်ခါတော့ [Lin]က ပထမဆုံးစာပြန်လာသည်။

[Lin]: ငါအကြမ်းဖျင်း မြန်မြန်ကြည့်ပြီးသွားပြီ။ ပြဿနာမရှိလောက်ပါဘူး။

[X]: အိုး ကောင်းပါပြီ။

[X]: စကားမစပ် reportingရဲ့ ပထမဆုံးပွဲစဥ်မတိုင်ခင် တွေ့ပြီးတော့ အသေးစိတ်တွေနဲ့ ငါတို့ရလောက်မယ့် မေးခွန်းတွေကို ကြည့်ရှုစစ်ဆေးသင့်တယ်မလား။

ဂူရှီသည် အကို[3A]၏ အရင်က အကြံပြုချက်ကို အမှတ်ရကာ ထပ်ပြောလေသည်။

သရုပ်ပြမှုပထမပွဲစဥ်က မကြာခင်လာတော့မှာဖြစ်ပြီး သူတို့တစ်ခါလောက် တွေ့ထားရန်က အရေးကြီးလှသည်။

[Lin]က အမြန်ပင် စာပြန်ခဲ့သည်။
[Lin]: သေချာတာပေါ့။

[AAA]: မရဘူး။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now