Chapter-43 This is some information that I was able to gather. (4)

5.3K 639 8
                                    

Unicode

"သူဌေးလင်းက လင်းရှီကို လင်းမိသားစုမှာနေတာ ပိုကောင်းတယ်လို့ ယူဆတယ်ပေါ့"

လင်းရိဇယ်,"ဒါပေါ့"

သူ၏လက်ထဲက ဖိုင်ကနေ စာရွက်စာတမ်း အထပ်လိုက်ကို ထုတ်ပြီး လင်းရိဇယ်ရှေ့ မထားလိုက်ခင် ဂူရှောင်းဆီက ကြိတ်ပြုံးလိုက်တာကို လင်းရှီကြားသွားပုံရတယ်။

"ဒါက ကျွန်တော်စုဆောင်းလို့ရတဲ့ သတင်းအချက်အလက်တွေပါ"

............
အသံနိမ့်နိမ့်နှင့် ဂူရှောင်းစပြောလာသည်။
"လင်းရှီ သုံးတာတွေ စားရတာတွေ အဝတ်အစားတွေတောင်မှ အများစုက လင်းအန်ရှင်းရဲ့အကျန်တွေ။ သူမရဲ့ဖုန်းအပါအဝင်"

သူ ထို့သိုပြောလိုက်ပြီးနောက်တွင် ရှုကျောင်းဖန်က ရှက်ရွံ့မှုကို ခံစားလိုက်ရတဲ့ ပထမဆုံးလူဖြစ်၏။ –သူမသားက ဒီမျိုးမစစ်ကလေးကို ဂရုသိပ်မစိုက်ခဲ့ဘူး။ အမေဖြစ်သူ စုန်ခယ်ရှင်းလည်း အတူတူပင်ဖြစ်သည်။ လင်းရှီရဲ့တည်ရှိမှုကိုပင် စိတ်အနှောင့်ယှက်ဖြစ်နေတဲ့ ရှုကျောင်းဖန်က လင်းရှီအတွက် လင်းမိသားစုရဲ့ ပိုက်ဆံတစ်ပြားမှတောင် သုံးမပေးချင်ဘူး။ ဒါကြောင့် အစေခံတွေကို လင်းရှီအတွက် အစားအသောက် ပစ္စည်းကောင်းတွေ ထောက်ပံ့မပေးဖို့ ပြောခဲ့သူက ရှုကျောင်းဖန်သာ ဖြစ်၏။

ရှုကျောင်းဖန်,"သူတို့က အသက်ရွယ်တူလောက်ပဲလေ။ နေ့စဥ်သုံးပစ္စည်းတွေကို မျှဝေပြီး သုံးကြတယ်ဆိုတာ သူတို့အတွက် လုံးဝပုံမှန်ပါပဲ။ ကိစ္စကြီးမှ မဟုတ်တာ။ မင်းပြောတဲ့ လင်းရှီကပဲ အမြဲ ရှင်းရှင်းရဲ့အကျန်တွေကို သုံးရတယ်ဆိုတာ ဆီငေါ်သင့်လျော်မှုမရှိမှာကိုပဲ စိုးပါတယ် မစ္စတာဂူ"

ဂူရှောင်း ရှုကျောင်းဖန်ကို လျစ်လျူရှုလိုက်ကာ ဆက်ပြောလိုက်သည်။
"လွန်ခဲ့တဲ့နှစ်နှစ်က လင်းရှီ online essayပြိုင်ပွဲမှာ ဆုရခဲ့တယ်။ ဒါပေမယ့် သူမကို ပြိုင်ပွဲကနေ ထွက်လိုက်ဖို့ ပြောကြတယ်။ အမှန်က လင်းအန်ရှင်းက ပြိုင်ပွဲမှာ လင်းရှီအစား ဆုယူရပြီး ပြိုင်ပွဲက လုပ်ပေးတဲ့ summer campကို ဝင်ခွင့်ရခဲ့တယ်။ အဲ့လိုလုပ်ရတဲ့ အကြောင်းအရင်းက ပြိုင်ပွဲရဲ့ဆုကို အထက်တန်းကျောင်းဝင်ခွင့် ရမှတ်ထဲ ပေါင်းထည့်ပေးမှာမလို့"

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now