Chapter-89 What happened? Why did Gu Shao sign up to the competition? (1)

5.3K 594 10
                                    

Unicode

"စာမေးပွဲ နှောင့်နှေးသွားခဲ့တဲ့အတွက်ကြောင့် ငါတို့မှာ ဒီပြိုင်ပွဲအတွက် ပြင်ဆင်ဖို့ အချိန်အများကြီးရမှာ မဟုတ်ဘူး။ ဒါကြောင့်မို့ ကျောင်းက study sessionအတွက် စီစဥ်ပေးမှာမဟုတ်ဘူး။ ဒီမှာ အရင်က testမေးခွန်းတွေနဲ့ ဒီနှစ်အတွက် ခန့်မှန်းမေးခွန်းတွေ။ ကိုယ့်ဟာကိုယ် ချင့်ချင့်ချိန်ချိန်လုပ်ပြီး ကိုယ့်ဘာသာ လေ့လာပါ"

ကျောင်းအုပ်သည် သူမဘေးက စားပွဲပေါ်မှစာအုပ်ပုံကြီးကို ညွှန်ပြလေသည်။ ဒါတွေက ပြိုင်ပွဲမစခင် ကျောင်းက သူတို့အတွက် ပြင်ဆင်ပေးထားသော လက်ဆောင်ထုပ်လေးပေါ့။

............
"ရှီ အဟမ်း ကျောင်းတူအဖော် ဂူရှီ"

သူမနာမည်ကြားရတော့ ဂူရှီ အနည်းငယ် ကြောင်သွားသည်။ သူမလှည့်ကြည့်လိုက်တော့ စောစောက ရှန်းရှို့ယန်၏ဘေးမှာ ရပ်နေသော ကောင်လေးသည် အခု သူမဘေးကို ရောက်နေသည်အား တွေ့လိုက်ရသည်။ သူက သူမကို ပြုံးပြနေသည်။

ရှင်းမပြနိုင်တဲ့အကြောင်းအရင်းကြောင့် သူ့ပုံစံသည် ဂူရှီအား huskyခွေးအား ချက်ချင်းသတိရသွားစေသည်။

ဂူရှီ,".........."

တုံးလိုက်တဲ့အပြုံး။

သိပ်မကြာခင်သေးက သူက အတော်ချောတဲ့ ကောင်ချောလေးတစ်ယောက် ဖြစ်နေတာပါ။ အခုတော့.........တကယ်တမ်း သူက အရူးလား?

ဂူရှီရေရွက်မိ၏။ သူမက သူစိမ်းတွေကို ရှောင်လိုရှားလိုသဘောမျိုးသကဲ့သို့ သူ့ဘေးကနေ အနည်းငယ် ပါးပါးနပ်နပ် ခွာလိုက်သည်။

ဂူရှီ,"ကိစ္စရှိလို့လား"
ငါ မင်းကို သိလို့လား၊ မင်းက ဘယ်သူလဲဟု သူမ၏အကြည့်က အရှင်းအလင်း ဖော်ပြနေသည်။

ထိုပုံစံကို မြင်ကာ ဂူချန်းရီ၏အပြုံးဟာ အနည်းငယ် တောင့်တင်းသွားသည်။

သူတို့က ဘယ်သူလဲဆိုတာကို ရှီရှီအခုထိ မသိသေးဘူးဆိုသည်ကို သူမေ့တော့မလို့။

ဒုတိယဦးလေး၏personalityအရဆိုရင် ရှီရှီကို ကျန်မိသားစုဝင်တွေအကြောင်း ဘယ်တော့မှ ပြောပြလောက်မှာ မဟုတ်ပေ။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now