Chapter-61 And Gu Shao confiscated all of them. (2)

5.1K 609 0
                                    

Unicode

အရင်က လင်းရှီ လင်းအိမ်တော်မှာနေတုန်းက သူ စုန်ခယ်ရှင်းဆီက ပိုက်ဆံလာတောင်းချိန်မှာ စုန်ရှီရှန်းကို အကြိမ်အနည်းငယ်လောက် သူမ တွေ့ဖူးခြင်းဖြစ်သည်။ ဒါကြောင့် သူဘယ်လိုပုံစံလဲဆိုတာ သူမမှတ််မိနေတာဖြစ်၏။

ကျောင်ရွာက တခြားရွာတွေနှင့်အတူ စုန်ရွာနားလေးတစ်ဝိုက်မှာ ရှိတာဖြစ်သည်။ စုန်ရှီရှန်းကို ကြည့်ရသည်မှာ ပွဲတစ်ခုခုမှ အခုလေးတင် ပြန်လာပုံရသည်။

........
စုန်ရှီရှန်းသည်လည်းပဲ ကားပေါ်က ဆင်းလာသော လင်းရှီကို သတိထားမိကာ သူမကို မှတ်မိပုံရ၏။

စုန်ရှီရှန်း အတော်အံ့သြသွားရသည်။ သူက လျှောက်လာပြီး လင်းရှီကို ကြည့်ကာ မရေရာစွာ မေးလာခဲ့သည်။
"မင်းက လင်းရှီ?"

လင်းရှီ ခေါင်းညိမ့်ပြလိုက်သည်။

စုန်ရှီရှန်းလည်းပဲ ယောင်ယောင်အမှားမှား ခေါင်းညိမ့်လိုက်မိသည်။

သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် မရင်းနှီးကြပေ။ တကယ်ကို သူစိမ်းတရံသာသာ ဖြစ်လေသည်။ စုန်ရှီရှန်းသိတာဆို၍ ဒါက သူ၏မြေးမလေးဆိုသည်သာဖြစ်ပြီး သူမကို ဘာပြောရမယ်မှန်းတောင် မသိချေ။ သူက ဒီမှာဘာလာလုပ်နေတာလဲဟု မေးဖို့ကိုတောင် အမှတ်မရခဲ့ပေ။

"ချိုချဥ်ယူလေ"
စုန်ရှီရှန်းက အိတ်ကပ်ထဲမှ ချိုချဥ်လက်တစ်ဆုပ်စာကို ထုတ်ပြီး ​လင်းရှီကို ပေးလိုက်သည်။ သူ့မျက်လုံးထဲ၌လည်း အပြုံးတွေရှိနေသည်။

ချိုချဥ်တွေကို အခုလေးတင် သူတက်ရောက်လာသော ပွဲကနေယူလာတာ ဖြစ်နိုင်လောက်၏။

လေထုက တော်တော်ကို ကို့ရိုးကားယားနိုင်လှပေသည်။

စုန်ရှီရှန်းက လင်းရှီ၏ဘေးက ဂူရှောင်းကို သတိထားမိသွားလေသည်။ သူနောက်တစ်ခါလောက် ပြန်မကြည့်ဘဲ မနေနိုင်ပေ။ ဒီလူက သူ့သမီးယောက်ျား မဟုတ်ဘူး။ ဒါဆို ဘယ်သူလဲ??

"ဒါ သမီးအဖေ။ အဖေရင်း"
လင်းရှီပြောပြီးနောက် ဂူရှောင်းဘက်လှည့်ကာ စုန်ရှီရှန်းက ဘယ်သူလဲဆိုတာကို ပြောပြလိုက်သည်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now