Chapter-71 "Is God Xiu referring to a student in this class?" (1)

5.4K 611 9
                                    

Unicode

"ဘာလို့လဲဆိုတော့ မနက်ဖြန်ကျောင်းအသစ် တက်ရမှာကို စိတ်ပူနေလို့လား"

ဂူရှီကျောက်ရုပ်ဖြစ်သွားရသည်။
"..........."

Oh shit သူဘွင်းဘွင်းရှင်းရှင်းကြီး ပြောလိုက်ပြီ။

.........
ဂူရှီ,"မဟုတ်ပါဘူး"

ဂူရှောင်းနှင့် အကြည့်ချင်းဆုံသွားချိန် ဂူရှီသည် နှုတ်ခမ်းကိုကိုက်ကာ အချိန်အနည်းငယ်လောက် ရုန်းကန်လိုက်ပြီး နောက်ဆုံး နူးညံ့သောအသံလေးနှင့် ပြောလာ၏။
ဂူရှီ,"နည်းနည်းလောက်တော့ ဖြစ်နိုင်လောက်တယ်"

"သမီးစိတ်ပူနေတာ မဟုတ်ဘူး........"
ဂူရှီ တွေးတောလိုက်ကာ ဆိုလိုက်သည်။
"စိတ်လှုပ်ရှားနေရုံလေးပါ"

ဂူရှောင်း၏အကြည့်က အနည်းငယ်ပြေကျသွားသည်။
"စိတ်လှုပ်ရှားတာပဲဖြစ်ဖြစ် စိတ်ပူတာပဲဖြစ်ဖြစ် ဘာမှဖြစ်စရာမလိုဘူး"

"မင်းကျောင်းအသစ်ကို စတက်ရင် မင်းလုပ်ချင်တာတွေ မင်းလုပ်သင့်တယ်လို့ တွေးတဲ့ဟာတွေကို ကြိုက်သလိုလုပ်နိုင်တယ်။ အတန်းဖော်တွေနဲ့လည်း ပေါင်းသင်းဆက်ဆံနိုင်တယ်။ဒါပေမယ့် သူတို့က မင်းကိုဘယ်လိုတွေးလဲဆိုတာကို သတိကြီးကြီးထားစရာမလိုဘူး။ နားလည်လား"

ဂူရှောင်းက သူမကို ပတ်ဝန်းကျင်အသစ်နဲ့ ဘယ်လိုကျင့်သားရအောင် နေရမလဲဆိုတာကို ပြောပြနေတာလား??

ဂူရှီက နည်းနည်းအံ့သြသွားသည်။ ထို့နောက် ဂူရှောင်း ဆက်ပြောသည်ကို သူမကြားလိုက်ရ၏။
"တကယ်လို့ မင်းအရင်ကျောင်းမှာ ဖြစ်ခဲ့သလိုမျိုး အခြေအနေနဲ့ ကြုံလာခဲ့ရင် မင်းကိုယ်တိုင် ကိုင်တွယ်မဖြေရှင်းနိုင်တော့ရင် ငါ့ကို အချိန်မရွေး လာပြောလို့ရတယ်။ ငါမင်းအတွက် ဖြေရှင်းပေးမယ်"

ဂူရှောင်း၏အသံက တည်ငြိမ်နေပေမယ့် တစ်နည်းနည်းဖြင့် သူမ နွေးထွေးမှုခံစားချက်လေးကို နှလုံးသားထဲမှာ ခံစားလိုက်ရပြီး အမှုန်ဝင်သွားသလို သူမမျက်လုံးက နာကျင်လာသည်။

ဂူရှီ၏မယုံကြည်နိုင်ဖြစ်နေသော ပုံစံလေးကို ကြည့်ပြီး ဂူရှောင်းအနည်းငယ် စိတ်မကောင်းဖြစ်သွားရသည်။ ဂူရှီက အချိန်တိုင်း အကုန်အဆင်ပြေ ပုံမှန်ဖြစ်သလိုမျိုး ပြုမူနေထိုင်လေလေ လင်းမိသားစုမှာ ကြုံတွေ့ခဲ့ရသော သူမ၏အတွေ့ကြုံတွေက သူမကို အချိန်အတော်ကြာ တော်တော်ခြောက်လန့်နေကြောင်း ပို၍မြင်သာလေဖြစ်သည်။ ဒါကြောင့်မို့ပဲ သူမက အပြင်လောကဆီကို သန်မာတဲ့တံတိုင်းအကာကွယ်တွေနှင့် ကာရံထားတတ်သည်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now