Chapter-49 Was that why she was fawning over him? (2)

5.2K 590 3
                                    

Unicode

သခင်ကြီးဂူက ဝမ်ဝူကို စိုက်ကြည့်လိုက်သည်။
"ဘယ်လိုလုပ်တူမှာလဲ"

ဂူရှောင်းက သူ့ဘက်ကနေ အရာရာကို ကိုင်တွယ်ဖြေရှင်းနေတာလေ။ ဒါပေမယ့် သူမှမဟုတ်တာ။ အဖိုးတစ်ယောက်အနေနှင့် သူလည်း လုပ်သင့်တာလုပ်ရမယ်။

ထိုနေ့ညတွင် လူတိုင်းက စိတ်ထဲတွင် အတွေးကိုယ်စီဖြင့်သာ။

........
နောက်နေ့မနက်ခင်း

ဂူရှောင်း အိမ်မှာပဲရှိနေသေးတာကို မြင်ပြီး လင်းရှီ အနည်းငယ် အံ့သြသွား၏။

"Good morning အဖေ"
သူမက ပုံမှန်အတိုင်း နှုတ်ဆက်လိုက်သည်။

"မနက်စာလာစား"

"အိုကေ"

လင်းရှီ ထမင်းစား စားပွဲဆီကို လျှောက်သွားချိန် အန်တီမိုင်က သူမအတွက် မနက်စာကို ပြင်ဆင်ပြီးသား။

ဂူရှောင်းလည်း မစားရသေးတာကို သိသွားတော့ သူမ တော်တော်အံ့သြမိသွားသည်။–သူမကို စောင့်နေတာများလား?

"စားရအောင် အဖေ"
သူမက တူတစ်စုံကို ဂူရှောင်းဆီပေးလိုက်၏။

ဂူရှောင်း တူကိုယူကာ ခပ်အုတ်အုတ်အသံဖြင့်သာ အသိမှတ်ပြုပေးလိုက်သည်။

"မင်းရဲ့ အိမ်ထောင်စုဇယားရှိတဲ့မိသားစုနေရာကို ငါတို့သိရပြီ'
ဂူရှောင်း ခဏလောက် ရပ်တန့်ကာ ထပ်ပြောလိုက်သည်။
"ငါသွားပြီး ပြောင်းပေးမယ်"

ထိုစကားကို ကြားတော့ လင်းရှီ တော်တော် ပျော်ရွှင်သွားသည်။
"သမီး လိုက်ခဲ့မယ်"

ဂူရှောင်း သူမကိုကြည့်နေသည်အား သတိထားမိကာ အသံကိုနိမ့်ပြီး မေးလိုက်သည်။
"လိုက်လို့ရလား"

ကျောင်းက နောက်တနင်္လာနေ့အထိ တရားဝင်မစသေးဘူး။ ဒါကြောင့် လာမည့်ရက်အတောအတွင်း လင်းရှီမှာ ဘာမှသိပ်လုပ်စရာ မရှိသေးပေ။

လင်းရှီ၏မျက်နှာပေါ်က မျှော်လင့်ချက်ရောင်ခြည်တွေနှင့် ပြတ်သားတဲ့စိတ်ကလေးကို တွေ့ရကာ ဂူရှောင်း ပေါ့ပေါ့ပါးပါး ခေါင်းညိမ့်ပြလိုက်သည်။
"အင်း"

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီDove le storie prendono vita. Scoprilo ora