Chapter 162 - "Boss, Hu Pei is here to see you."

4.2K 565 4
                                    

Unicode

နောက်ကွယ်မှာ သူတို့တွေ မသမာနည်းမသုံးထားရင် ဒီပရောဂျက်က ဘယ်လိုလုပ် ပြန်ရောက်လာနိုင်မှာလဲ။

လျှိုတဲ့ရှင်း၏အမိန့်ကို ကြားပြီးနောက် လက်ထောက်များသည် စိတ်နှောက်သကဲ့သို့ ဖြစ်သွားကြသည်။

သူတို့သည် ပါမောက္ခကို မကန့်ကွက်ရဲ၍ လူများသည် သူ့ရုံးခန်းမှ တိတ်တဆိတ်ထွက်ခွာသွားကြသည်။ 

..........
လက်ထောက်များသည် ရုံးခန်းထဲမှထွက်သည်နှင့် သူတို့ကြားထဲ၌ စကားစပြောကြသည်။

"စွပ်စွဲချက်တင်ဖို့ပြောလိုက်ပေမယ့် ငါတို့ကဘယ်လို သွားပြောရမှာလဲ"

"အဲတာက အဓိကအရာတောင်မဟုတ်သေးဘူး။ ပုံစံငယ်တောင် လုပ်ပြီးသွားပြီလေ။ စွပ်စွဲချက်တင်တော့ရော ဘာကောင်းသွားမှာမို့လို့လဲ။ ပြီးတော့ စွပ်စွဲချက်တင်တာက မဟုတ်သေးဘူးလို့ ငါထင်တယ်"

"ရိုးရိုးသားသားပြောရရင် topicနဲ့ပတ်သက်ပြီးတော့ ပြောစရာရှိတယ်လို့ ငါမထင်ဘူး" အနည်းဆုံးတော့ အဲတာက ပါမောက္ခပြောသလောက်ကြီးတော့ မဆိုးဘူး။

"ဘာပဲဖြစ်ဖြစ် ငါတော့သွားပြီး စွဲချက်မတင်နိုင်ဘူး"
နောက်လူတစ်ယောက်က ရေရွတ်လေ၏။

သူတို့၏အသိစိတ်သာဆိုပေမယ့် သွားပြီး စွပ်စွဲချက်တင်ပို့ရင်တောင် ဘာကောင်းတာမှဖြစ်မလာဘူးဆိုတာ သူတို့သိနေတယ်။ မျက်နှာဖြတ်ရိုတ်ခံရဖို့ စောင့်နေရသလိုတောင်ဖြစ်နေသေး။

"ဒါဆိုငါတို့ဘာလုပ်ရမှာလဲ။ဒီတိုင်းစောင့်နေပြီး အဲတာကြီးရှင်းသွားဖို့ကိုပဲ မျှော်လင့်နေရမှာလား"

*****
လက်ထောက်သုံးယောက်သည် ဘာကိုမှမတွေးနိုင်ခင် နောက်ထပ်ပြဿနာက လျှိုတဲ့ရှင်းအပေါ် ကျရောက်လာသည်။

လူငယ်သိပ္ပံပြိုင်ပွဲ၏ အဆင့်များထုတ်လွှင့်ပြီး သိပ်မကြာခင် လူနှစ်ယောက်သည် onlineပေါ်မှာ ပေါ်ထွက်လာပြီး ကားများအတွက် အသစ်လုံခြုံရေးဘရိတ်များ ပရောဂျက်က သူတို့၏သုတေသန အကြောင်းအရာကို ကူးထားပါတယ်ဆိုပြီး စွပ်စွဲလေသည်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now