Chapter-143 "Your name is Gu Xi???"

5.7K 660 14
                                    

Unicode

သူမသည် အခြေခံတွေကို ရက်တိုသင်ကြားပြီးနောက် သူမက တစ်ချိန်ကဖြစ်ခဲ့သော beginnerလေး မဟုတ်တော့ပါ။

ဝန်ခံရလျှင် သူမက အမြဲတမ်း Big Boss ဂူရှောင်းကို အကူအညီသွားတောင်းလို့ရတယ်လေ။ အော် ဂူယန်လင်းလည်း ကူညီပေးချင် ကူညီပေးနိုင်လောက်မှာ။ 

..............
အတွေးတစ်ခု သူမဆီပေါ်လာချိန်တွင် ဂူရှီသည် အနည်းငယ် ရပ်တန့်သွားသည်။ လူမှုရေးသိပ္ပံပညာပြီးနောက်တွင် ဂူယန်လင်းသည် အီလက်ထရောနစ်နည်းပညာတွင် မေဂျာယူခဲ့သည်ဟု ဂူယန်ရှောင်နှင့် ဂူချန်းရီက သူမကို ပြောပြခဲ့သည်အား အမှတ်ရသွားပုံရသည်။ သူတို့groupထဲက ဂျီးနီးယပ်လယ်ဗယ် [Lin]နဲ့ အတူတူပဲ။

ဂူယန်လင်းနှင့် ဒီတစ်ယောက်ကလည်း [Lin]ပဲလေ။ သူတို့တွေက လူအတူတူပဲ ဖြစ်နိုင်လောက်မလား။

"တိုက်ဆိုင်တာတွေအများကြီးရှိတာ ဖြစ်နိုင်မလား"
ဂူရှီသည် သက်ပြင်းချလိုက်သည်။

ထို့နောက်တွင် သူမသည် အမြန်ခေါင်းခါလိုက်ကာ ထိုအတွေးကို ငြင်းဆိုလိုက်သည်။

ဒီ[Lin]က စကားနည်းတဲ့လူလေ။ ဖုန်းကနေဆိုရင်တောင်မှ သူက မြင့်မားအင်အားကြီးတဲ့ဂုရုကြီးပုံစံလိုမျိုးဟု သူမ ပြောနိုင်သည်။

ဂူယန်လင်းအတွက်ကတော့ မြင့်မားအင်အားကြီးပုံပေါ်ပေမယ့် သူက စကားများပြီး ကပ်တွယ်တတ်သည်။

မနေ့ညက သူမအဖိုးအိမ်တွင် ဂူယန်လင်းက ဆက်၍ဆက်၍စကားများနေစဥ် ဂူရှီသည် ဂူရှောင်းကိုစောင့်ရင်းဖြင့် ဆိုဖာပေါ်တွင် အိပ်ပျော်သွားသည်။

"မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး"
ဂူရှီသည် ထိုဖြစ်နိုင်ခြေကို ငြင်းလိုက်သည်။

တစ်စုံတစ်ရာ အတွေးပေါ်လာ၍ ဂူရှီသည် သူတို့group chatထဲကို စာပို့လိုက်၏။
[X]: မင်းတို့ကို မေးစရာရှိတယ်။ ငါ သူများဖုန်း ဒါမှဟုတ် ကွန်ပျူတာထဲကို ဖောက်ဝင်ပြီး အထဲက သတင်းအချက်တွေကို ဖျက်ပစ်လို့ရတဲ့နည်းလမ်းရှိလား။

ဒါက သူမဆီတစ်နေ့က ရလာသောအကြံဖြစ်သည်။ ဂူယောင်ပိုင်သာ သခင်ကြီးဂူနှင့် သူ့သူငယ်ချင်းတွေ၏စာတွေကို ဓါတ်ပုံရိုက်ထားလျှင် ဒီဓါတ်ပုံတွေကို သေချာပေါက် သူ့ဖုန်းထဲ သို့မဟုတ် တခြားကိရိယာထဲကို သိမ်းထားလိမ့်မည်။ ဝတ္ထုအရ ဂူယောင်ပိုင်နှင့် ဇာတ်လိုက်တို့ ပူးပေါင်းလိုက်တဲ့ အချိန်ကာလအရ ကြည့်မည်ဆိုလျှင် သူသည် ယခုထိ ထိုအရာတွေကို သူ့နောက်ကွယ်ကလူအား မပေးရသေးပေ။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now