Chapter-31

5.4K 595 1
                                    

Gu Shao seemed to have completely forgotten that Lin Xi is a 14-year-old junior high school student who needs to go to school. (1)

..........
Unicode

ပြိုင်ပွဲက အီလက်ထရောနစ် နည်းပညာသုတေသနအတွက် သင့်တော်တယ်။ ပြိုင်ပွဲမှာ သဘာဝပတ်ဝန်းကျင်ပိုင်းဆိုင်ရာ နည်းပညာ၊ ဆေးပိုင်ဆိုင်ရာ နည်းပညာ၊ ဖန်တီးမှတ်ဉာဏ်တုနဲ့ နောက်ထပ်နည်းပညာဆိုင်ရာ areaတွေပါ ပါဝင်တယ်။ ယှဥ်ပြိုင်သူတွေက areaလေးခုထဲက တစ်ခုအောက်မှာ သူတို့ရဲ့ နည်းပညာအသစ်projectကို တင်ပြရမှာဖြစ်သည်။ areaတစ်ခုချင်းမှာ နောက်ထပ်development အတွက် winnerတစ်ယောက်ကို ရွေးမှာဖြစ်သည်။ တခြားအဖွဲ့တွေကလည်း သူတို့ရဲ့ပစ္စည်း စျေးကွက်ထဲဝင်ဖို့ အခွင့်အရေးရမည့်အပြင်

နိုင်တဲ့အသင်းတစ်သင်းစီက ရမည့်ဆုငွေကလည်း

"ယွမ်တစ်သန်း?!!"

..........
ဆုပွေပမာဏကိုကြည့်ပြီး မမလေးဂူ(လင်းရှီ) မျက်လုံးပြူးကာ မေးရိုးပြုတ်ကျမတတ်ဖြစ်သွား၏။ သူမ မျက်လုံးကို ပွတ်လိုက်ပြီး သုညအရေအတွက်ကို နောက်ထပ် ပြန်ရေတွက်လိုက်သည်။ သူမ မမှားပါဘူး။ ယွမ်တစ်သန်းပါ။

ပြိုင်ပွဲတစ်ပွဲအတွက် ယွမ်တစ်သန်း?? ထိုအရာက အမှန်ဖြစ်ဖို့ အရမ်းကောင်းလွန်းနေတယ်မလား?

လင်းရှီ သူမကိုယ်ကိုသူမ တီးတိုးတီတိုးမလုပ်ဘဲ မနေနိုင်ဖြစ်ခဲ့သည်။

ဒီပိုက်ဆံပမာဏနဲ့ဆို သူမရဲ့သင်ကြားစရိတ်အတွက်အပြင် အပိုကျန်လိမ့်မယ်။ သူမ လုံလုံလောက်လောက်သာ စုနိုင်ရင် ဂူရှောင်း တကယ်ကြီး လင်းရိဇယ်ကြောင့် ဒေဝါလီခံသွားရရင်တောင် သူမနဲ့သူမအဖေအတွက် အထောက်ပံ့အသုံးစရိတ်လောက် ကျန်လောက်လိမ့်မယ်။

လင်းရှီက အစောကြီးကတည်းက ဆုငွေကိုအနိုင်ရရှိသွားရင် ဘယ်လိုသုံးပစ်မယ်ဆိုပြီး သူမရဲ့အံ့သြကောင်းမွန်စရာ ဘဝကြီးကို အိပ်မက် မက်နေပြီဖြစ်သည်။

ရူးရူးနှမ်းနှမ်း တခစ်ခစ်ရယ်ပြီးမှ ခေါင်းရမ်းလိုက်ကာ သူမကိုယ်သူမ realityကို ပြန်ခေါ်လာခဲ့သည်။

--ပြိုင်ပွဲအတွက် ရင်းနှီးမြှုပ်နှံတဲ့ငွေ များလို့ဆိုရင်တော့ ဆုငွေအဖြစ် ယွမ်တစ်သန်းဆိုတာ မယုံနိုင်စရာတော့ မရှိဘူး။ နည်းပညာprojectကောင်းတစ်ခုက ယွမ်တစ်သန်းထက်ပိုတဲ့ အရမ်းကောင်းတဲ့ အကျိုးအမြတ်တွေ ယူလာပေးနိုင်တယ်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now