Chapter-140 If it wasn't for that "accident", there would not be Gu Xi.

5.6K 708 27
                                    

Unicode

"ကြည့် ဒါက မြေးရဲ့ဖိုးဖိုး စစ်တပ်ကိုဝင်တုန်းက ဓါတ်ပုံလေ........"
သခင်ကြီးဂူသည် ဂူရှီကို ဓါတ်ပုံတစ်ပုံချင်းစီတိုင်းကို ပြောပြနေသည်။

သခင်ကြီးဂူ၏ဓါတ်ပုံအများစုက သူ၏ခန္ဓာကိုယ်အပေါ်ပိုင်း ရုံးပုံတွေ သို့မဟုတ် အဖွဲ့လိုက် ဓါတ်ပုံတွေသာဖြစ်သည်။

ဒါက ဂူရှီ မျှော်လင့်နေသောအရာ အတိအကျပင်ဖြစ်သည်။ 

.............
ဂူရှီသည် အောက်က နာမည်တွေပါသော group photoတစ်ခုသို့ လှန်ကာ ဂရုတစိုက် ကြည့်လေသည်။ ကံမကောင်းစွာ ရှဲ့မျိုးရိုးနာမည်နှင့် ဘယ်သူမှ မရှိပေ။

နောက်ထပ် အနည်းငယ် လှန်လိုက်ပြီး ရှဲ့မျိုးရိုးနာမည်ရှိသည့် တစ်ယောက်တည်းသောလူကလည်း သခင်ကြီးဂူထက် နည်းနည်း ငယ်ပုံရသည်။ သူက ဝတ္ထုထဲတွင် ချောက်ချသည့် သခင်ကြီးဂူ၏ဆရာ ဖြစ်ဟန်မရပေ။

သို့သော် ဂူရှီသည် လက်မလျှော့ချင်ပေ။ သူမက ထိုနာမည်နှင့်လူကို ထောက်ပြလျက်
"ဒါဘယ်သူလဲ ဖိုးဖိုး"

"ဒီတစ်ယောက်လား"
သခင်ကြီးဂူသည် ခေါင်းမော့ကာ မပြောခင် အနည်းငယ်တွေးလိုက်သည်။
"သူက ဖိုးဖိုးတို့squadထဲက မဟုတ်ဘူး။ squad #3ထဲက......."

"ဘာဖြစ်လို့လဲ"
သခင်ကြီးဂူသည် သံသယဖြင့် မေးလေသည်။

ဂူရှီ အမြန်ခေါင်းခါပြလိုက်ပြီး
"အော် ဘာမှမဟုတ်ပါဘူး။ သူက အရမ်းနာမည်ကြီးတဲ့အိုင်ဒေါလ်တစ်ယောက်နဲ့ တူလို့"

ထိုစကားကို ကြားချိန်တွင် သခင်ကြီးဂူသည် အရမ်းတွေးတောခြင်းမရှိခဲ့။ ရေသာရေရွတ်လေသည်။
"အခုခေတ်ကောင်မလေးတွေက ဒီလိုပုံစံမျိုးကို ကြိုက်ကြတယ်။ အရင်တုန်းကတော့ အဲ့လိုမဟုတ်ကြဘူး"

"နောက်ထပ်ပုံတွေရှိသေးလား ဖိုးဖိုး"
ဂူရှီသည် နောက်ထပ်ပြန်မေးလိုက်ကာ လက်လျှော့ဖို့ကို ငြင်းဆန်နေသည်။

"ဒါပဲ။ အဖိုးငယ်ငယ်က ဓါတ်ပုံတွေ သိမ်းထားရတာကို အရမ်းကြီး သဘောမကျဘူးလေ။ ဒါတွေက မြေးလေးရဲ့ဖွားဖွား စုဆောင်းထားတာ"
ခဏနားလိုက်ပြီး သခင်ကြီးဂူသည် ဂူရှီကို ပြုံးပြ၏။
"ဘာဖြစ်လို့လဲ။ ရှီရှီက နောက်ထပ်ပုံတွေကြည့်ချင်လို့လား"

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now