Chapter 151 "The necktie is a set with the dress."

4.6K 624 5
                                    

Unicode

"ကျွန်တော် အခုချက်ချင်းလုပ်လိုက်ပါမယ်"

ဂူရှောင်း,"အင်း"
ရှုဖေး မထွက်သွားနိုင်သေးခင်တွင် သူက တစ်ဖန်တားလိုက်ပြီး သာမန်အတိုင်း မေးလိုက်သည်။
"ကျောင်းကို သွားဖို့ ဘယ်ဟာက ပိုကောင်းတယ်လို့ ထင်လဲ။ suitနဲ့လား ဒါမှမဟုတ် ထသွားထလာ ပေါ့ပေါ့ပါးပါးအဝတ်နဲ့လား"

.............
ဂူရှောင်းမသိသည်မှာ ဒီအကြောင်းကို အရမ်းကြီးစိတ်ပူစရာလိုမှာ မဟုတ်ဘူးဆိုတာကိုဖြစ်သည်။

ကျောင်းအတွင်းတွင်

ရီဟာဇယ် အောင်အောင်မြင်မြင် ပြီးဆုံးသွားပြီးနောက်တွင် အနုပညာကော်မတီဝင်တွေသည် ဖျော်ဖြေမှုအတွင်း ဝတ်မည့်ဝတ်စုံအကြောင်းကို ပြောချင်ကြ၍ ဂူရှီဆီကို ဝိုင်းအုံလာကြသည်။

"နင် ကောင်းမွန်ပြီး ဖမ်းစားနိုင်မယ့်ဝတ်စုံမျိုးကို လိုတယ်"
တုန်မင်မင်က အကြုံပြုလေသည်။

စကားပုံတောင်ရှိသေးတယ်။ :အရည်ချင်းတဲ့လား။ ခေါက်ထားလိုက်စမ်းပါ။ ဖျော်ဖြေမှုမှာ လစ်ဟာနေတာက ဘာပဲဖြစ်ဖြစ် ဇာတ်ဝင်အသုံးအဆောင်ပစ္စည်းတွေက ဖြည့်ပေးလိမ့်မယ်။

အနုပညာကော်မတီဝင်တွေက စဉ်းစားကြည့်လိုက်လေတော့ ဒါက အတော်လေး အဓိပ္ပါယ်ရှိသည်ဟု ခံစားလိုက်ကြရသည်။
"ဒီလိုပြောကြတာက အပိုပြောကြတာလို့ ငါမထင်ဘူး။ ဂူရှီရဲ့တေးသွားက ဩချလောက်စရာ မဟုတ်ပေမယ့် မြင်တာနဲ့ တန်းခနဲဖမ်းစားသွားနိုင်တဲ့အထိ ဖြစ်သွားရမယ်လေ"

..........
သူတို့တစ်တွေသည် တကယ်ပင် စိတ်ပါပါဖြင့် ဆွေးနွေးနေကြသည်။ သူတို့ဘေးက ဂူရှီသည် ဝင်ကာပြောဆိုလေသည်။
"နင်တို့ပြောနေတာက stage outfitဆိုရင်တော့ ဘာမှစိတ်ပူစရာမလိုဘူး"

ဂူချန်းရီသည် အရင်ကတည်းက သူမကို stage outfitအတွက် စိတ်ပူစရာမလိုကြောင်း အသေချာလေးကို စာပို့ကာပြောထားသည်။ သူ့မှာ သူမအတွက်စပရိုက်အကြီးစားကြီးရှိသည်တဲ့။

ဒီလိုစကားမျိုးကို သူမအဖိုးနှင့် ဂူယန်လင်းသာ လာပြောပါက ခေါင်းစခြေအဆုံး ပန်းရောင်ဖြစ်နေမှာကို သူမစိတ်ပူမိလိမ့်မည်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now