Chapter-3 in the cliché angst novel(3)

5.8K 717 7
                                    

Unicode

လင်းရှီအေးလာတာကြောင့် ညဝတ်အင်္ကျီလေးကို တင်းတင်းကျပ်ကျပ် ကိုင်လိုက်ပြီး အိမ်ယာဘက်ကို လျှောက်လာလေသည်။ ပြီးတော့သူမကိုယ်ကို စောင်တွေထဲ လူးလှိမ့်ပစ်လိုက်သည်။

ခနကြာတော့ သူမရဲ့အေးစက်နေတဲ့ ခန္ဓာကိုယ်က အနွေးဓါတ်နည်းနည်းရလာခဲ့တယ်။

အဲ့နေ့ညမှာပဲ လင်းရှီဖျားတော့သည်။

သူမက သတိလည်တစ်ချက်မလည်တချက်ဖြစ်နေတဲ့ အချိန်မှာ သူမတစ်ကိုယ်လုံး စင်ပေါ်တင်ပြီး အကင်ခံရသလို ခံစားနေရ၏။ ဒါ့အပြင် တစ်စုံတစ်ယောက်က သူမကိုလှည့်ပတ်ပြီး ဆော့စ်ပူတွေ သုတ်ပြီးကင်နေသလိုတောင် ခံစားခဲ့ရသည်။

သူမက တကယ်ဆိုးဆိုးဝါးဝါး ခံစားခဲ့ရပြီး သေသွားနိုင်တယ်လို့တောင် ထင်ခဲ့မိ၏။

သူမသတိရှိတစ်ချက်မရှိတစ်ချက် ဖြစ်နေတဲ့အချိန်မှာ သူမခေါင်းထဲ ရူးစရာကောင်းတဲ့ ပုံရိပ်တွေအများကြီး ဝင်လာသည်။ ပုံရိပ်တွေက ပိုပိုပြီးရှင်းလာခဲ့တယ်။ သူမ ထူးဆန်းတဲ့အိမ်မက်ကို မက်ခဲ့တာပဲ။

အက်ကြောင်းထပ်နေတဲ့ ဝတ္ထုတွေထဲက စိတ်ပျက်စရာကောင်းတဲ့ ဝတ္ထုတစ်ပုဒ်။ သူမအမေ စုန်ခယ်ရှင်းနဲ့ သူမအဖေ လင်းရိဇယ်က ဇာတ်လိုက်မင်းသားနဲ့ မင်းသမီး။

ပုံမှန်ဝတ္ထုတွေရဲ့ အစလိုပဲ ဇာတ်လိုက်မင်းသမီးမှာ လောင်းကစားရတာကိုစွဲလမ်းပြီး အကြွေးတွေထူနေတဲ့ အဖေရှိသည်။ အဲ့အကြွေးတွေကို ပြန်ဆပ်ဖို့ မင်းသမီးက မင်းသားရဲ့ အစားထိုးချစ်သူ ဖြစ်လာခဲ့တယ်။

မင်းသားက မင်းသမီးကို မချစ်ကြိုက်ခင်တုန်းက မင်းသမီးကို နည်းလမ်းအမျိုးမျိုးနဲ့ နှိပ်စက်ပြီး အမြဲနှိပ်ချဆက်ဆံခဲ့သည်။ သူနဲ့စီးပွားရေးလုပ်နေတဲ့ ရွံ့စရာကောင်းတဲ့သူတွေဆီ မင်းသမီးကိုပေးဖို့အထိ လုပ်ခဲ့၏။ မင်းသမီးက အဲ့လူတွေလက်ကနေ လွတ်မြောက်ခဲ့ပေမယ့် သူတို့တိုက်လိုက်တဲ့ အရက်ကြောင့် အပြင်ကိုမထွက်နိုင်ခဲ့ပေ။ နောက်ဆုံးတော့ မင်းသမီးက လူစိမ်းတစ်ယောက်နဲ့ ကျူးလွန်မိခဲ့ကြလေသည်။

နောက်ကြမှပဲ မင်သားက မင်းသမီးကို ချစ်နေကြောင်း သဘောပေါက်လာလေသည်။ မင်းသမီးဆီမှာ ဖြစ်ပျက်ခဲ့တဲ့အရာအားလုံးအတွက် တကယ်နက်နက်ရှိုင်းရှိုင်း နောင်တရလာခဲ့ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်လာခဲ့၏။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now