Chapter-10 striking back (1)

5K 589 2
                                    

Unicode

အိပ်မက်ရဲ့အဆုံးသက်မတိုင်ခင် သူမရဲ့ရှေ့မှာရပ်နေတဲ့ တခြားသူတွေရဲ့အရိပ်တွေကို ဖြတ်ပြီး ထိုသူတွေရဲ့နောက် သူမနဲ့သိပ်မဝေးတဲ့နေရာမှာ လူတစ်ယောက်ရဲ့မျက်နှာကို ရုတ်တရက်ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

အဲ့တာက လင်းရိဇယ်ပင်ဖြစ်သည်။

..........
ထူးဆန်းတဲ့အိပ်မက်ထဲမှမြင်ကွင်းက ဝတ္ထုအပိုင်းပိုမှာ သူမဂိုဏ်းစတားတွေရဲ့ လည်ပင်းညစ်သတ်ခံရတဲ့ အခန်းနှင့်တိုင်ဆိုင်စွာတစ်ထပ်တည်းတူနေသည်။

လင်းရိဇယ်ပါနေတာကလွဲပြီး အကုန်တူသည်။

ဝတ္ထုထဲမှာ အဲ့ဒီအဖြစ်ပျက်က လင်းရိဇယ်တောင် မသိလိုက်ပုံရ၏။

ထိုသို့သာဆိုရင် သူမအိပ်မက်ထဲမှာ ဘာလို့လင်းရိဇယ်ကို မြင်ခဲ့တာလဲ။ သူမအိပ်မက်ထဲမှာ လင်းရိဇယ်ကပြုံးနေတယ်။ ဒါပေမယ့် သူ့မျက်နှာပေါ်မှာ သူမမြင်ဖူးသမျှထဲက ပိုကြောက်စရာကောင်းတဲ့ အကြည့်တွေရှိနေ၏။

လင်းရိဇယ်ရဲ့ အကြည့်ကိုပြန်စဥ်းစားလိုက်အချိန်မှာ အကြောက်တရားက သူမအပေါ် တစ်စတစ်စ ပြန်ပေါ်လာခဲ့သည်။

........
ဒီဖတ်မှာတော့ ခေါင်းကိုလိမ်ပြီး ထပ်ပြီးကျယ်လို့မရတော့ဘူလို့ ထင်ရတဲ့မျက်လုံးတွေနှင့် ပြတင်းပေါက်အပြင်ဘက်ကို ကြည့်နေတဲ့ လင်းရှီကိုမြင်ပြီး ကျောင်စီစိတ်ပျက်သွားရသည်။

သူတို့မထွက်ခင် စုန်ခယ်ရှင်းစိတ်ပူတာကိုတွေးမိပြီး သူမကိုယ်တိုင်လည်း စိုးရိမ်လာသည်။

-----လင်းရှီက အရမ်းဥာဏ်ကောင်းတဲ့ကလေးပဲ။ သူမအိမ်ပြန်လမ်းကို မှတ်မိချင် မှတ်မိလောက်မှာ။

"ရှောင်ရှီ အဘွားတို့ဟိုကိုရောက်ဖို့ နာရီအများကြီးလိုသေးတယ်။ သမီးအဲ့လို ပြတင်းပေါက်ကို စိုက်ကြည့်နေတာ မပင်ပန်းဘူးလား။ သမီး ခဏလောက်အနားယူသင့်တယ်"

ကျောင်စီရဲ့စကားကို ကြားတော့ လင်းရှီလှည့်လိုက်ပြီး နာခံစွာမျက်လုံးကို ပိတ်လိုက်တော့သည်။

ကျောင်စီာထိုသည်အား မြင်တဲ့အခါမှာ ကျေနပ်စွာပြုံးလိုက်မိသည်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now