Chapter-38 Wait! We are going to the Lin's?! (1)

5.3K 630 2
                                    

Unicode

လင်းရှီသူ့ကို ကျောင်းဟောင်းဆီ ပြန်မသွားချင်ဘူးလို့ ပြောတာကို မှတ်မိတယ်။ ဒါကြောင့် ကျောင်းအသစ်ပြောင်းလိုက်တာကို သူမဘာမှမဖြစ်လောက်ဖူးမလား။

သို့သော်လည်း ဤသည်ကပဲ ပြဿနာတစ်ခု ပေါ်လာစေသည်။ ကျောင်းအသစ်ကို တရားဝင်ပြောင်းနိုင်ဖို့ လင်းရှီရဲ့အိမ်ထောင်စုဇယားကို သူတို့လိုတယ်။

--လင်းရှီရဲ့ အိမ်ထောင်စုဇယားက လင်းမိသားစုဆီမှာပဲ ရှိနေတုန်းဖြစ်၏။

.........
ချန်းကျစ်ယန် ဂူရှောင်းရဲ့ရုံးခန်းထဲဝင်လာလျှင် ဂူရှောင်းက စားပွဲရှေ့မှာ သူတို့ရဲ့ သုတေသနနဲ့ development project ရဲ့ report အထပ်ကြီးကို စိုက်ကြီးပြီး ထိုင်နေတာကို တွေ့လိုက်သည်။

ချန်းကျစ်ယန်,"projectက တစ်ခုခုမှားလို့လား"

"မဟုတ်ပါဘူး။ အဆင်ပြေပါတယ်"
ဂူရှောင်း စိတ်ကိုပြန်စုစည်းလိုက်ပြီး reportတွေကို ဘေးထားလိုက်၏။

"တစ်ယောက်ယောက်ကို ငါ့ရဲ့အိမ်ထောင်စုဇယားအောက်မှာ ထည့်ချင်ရင် ဘာတွေလုပ်ဖို့ လိုလဲဆိုတာ မင်းသိလား"
ဂူရှောင်း ပုံမှန်အတိုင်းသာ မေးမြန်းလိုက်သည်။

ချန်းကျစ်ယန် နည်းနည်းလောက် တွေဝေသွားပေမယ့် ချက်ချင်း ဆက်စပ်မိသွားသည်။ ပါမောက္ခက ရှောင်ရှီကို သူ့အိမ်ထောင်စုဇယားအောက် ထည့်မလို့လား။

အရင်တုန်းက ချန်းကျစ်ယန်မှာ City Bကို စာလာသင်ချင်တဲ့ ဝမ်းကွဲတစ်ယောက်ကြောင့် သူမကို သူ့ရဲ့အိမ်ထောင်စုဇယားအောက် ပြောင်းပေးလိုက်ရဖူးတာနဲ့ တိုက်ဆိုင်သွားလို့ပေါ့။

ချန်းကျစ်ယန် နည်းနည်းတွေးလိုက်ကာ
"တစ်ဖတ်က လက်ခံကြောင်းသက်သေ လိုအပ်တယ်။ ပြီးရင် မူလအိမ်ထောင်စုဇယားကို ပြောင်းဖို့ စာရင်းသွင်းထားတဲ့ မူရင်းနေရာကို သွားရမယ်။ ပြီးရင် ဒီကိုပြန်လာပြီး ပြောင်းပေးရမယ်"

ချန်းကျစ်ယန် ထပ်တွေးလိုက်ပြီး သူ့ကို သတိထပ်ပေးလိုက်သည်။
"DNAစစ်ဆေးချက်လိုမျိုး သွေးသားတော်ကြောင်း သက်သေတစ်ခုခုလည်း လိုလောက်မှာ"

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now