Chapter-34 She quickly sent over the pictures that she had taken.(2)

5.3K 627 1
                                    

Unicode

ရှန်းရှူးယန်ကလည်း လင်းရှီနဲ့ တစ်ချိန်တည်းလောက်မှာ ဘောပင်ကို ချလိုက်သည်။

သူက တခြားများများစားစား ကြည့်မနေပဲ စာရွက်ကို ပိတ်လိုက်ကာ သမ်းပြီး ထွက်သွား၏။

လင်းရှီ သူ့ကိုကြည့်နေတာကနေ ရပ်လိုက်ပြီး စာမေးပွဲထဲ အာရုံပြန်စိုက်လိုက်သည်။ စာမထပ်ခင် ဖြေထားတာကို တစ်ကြိမ်ပြန်စစ်လိုက်၏။

.........
လင်းရှီ ဆရာမနောက်ကနေ ရုံးခန်းကို ရောက်လာတဲ့အခါမှာ ဂူရှောင်းက သူမကို စောင့်နေသည်။ သူနဲ့အတူ စောင့်နေတဲ့ အသက်ငါးဆယ်အရွယ် မိန်းမကြီးတစ်ယောက်လည်း ရှိ၏။

သူမတို့ သူတို့ဆီ လျှောက်လာခဲ့အခါမှာ
ဆရာမချန်,"ဒါရိုက်တာကျိုး"

ဒါရိုက်တာကျိုးက လင်းရှီကို ကြည့်ပြီးအံ့သြသွား၏။ သူမက ဂူရှောင်းနဲ့ လင်းရှီကို ကြည့်လိုက်ကာ

"ဒါက မင်း သမီးဖြစ်ရမယ် ပါမောက္ခဂူ သူမက တော်တော်လှတယ်"
ဒါရိုက်တာကျိုးက အပြုံးဖြင့်ပြောလာကာ
"မင်းမှာ ဒီအရွယ်သမီးတစ်ယောက်ရှိတာကို ငါမသိဘူး"

ဂူရှောင်းက တက္ကသိုလ်က ပါမောက္ခတစ်ယောက် ပြီးတော့ ဒါရိုက်တာကျိုးဆိုသူနဲ့ အသိအကျွမ်းတွေ။ ပြောရရင် ဂူရှောင်းက အလုပ်တော်တော်များတဲ့သူ။ သူက ဘယ်တော့မှ တစ်နေရာတည်းကို ဖင်ပူအောင် မနေရဘူး။ ပြီးတော့ သူက personal lifeကို ဘယ်တော့မှ မပြောပြဘူး။

"သူမက အခုလောလောဆယ် ကျွန်တော်နဲ့ အတူနေနေတာပါ"
အသက်မပြည့်ခင်ထိပေါ့။

သို့ပေမယ့် ဒါရိုက်တာကျိုးကတော့ သူပြောတာကို တလွဲအဓိပ္ပါယ်ကောက်လိုက်သည်။

ဒါရိုက်တာကျိုး အချိန်တိုအတွင်း ဘယ်လိုပြုမူရမှန်းမသိဖြစ်သွား၏။ သူမ ထပ်ပြုံးကာ ဆိုလာပြန်၏။
"အာ ဒါဆို သူမက မင်းတူမဖြစ်ရမယ်။ လူတွေက တူမတွေက သူတို့ဦးလေးတွေနဲ့ တူကြတယ်လို့ အမြဲပြောနေတာ မဆန်းတော့ပါဘူ။ သူမက မင်းနဲ့တော်တော်ဆင်တယ်။ ငါမင်းရဲ့သမီးလို့တောင် ထင်သွားတယ်"

ဂူရှောင်းက ဒါရိုက်တာကျိုးကို အမှန်ပြင်ပေးဖို့ စိတ်ရှုပ်မခံနေဘူး။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now