Chapter-37 Lin Xi's household register still laid with the Lin family. (2)

5.4K 622 4
                                    

Unicode

[AAA]:ရပါတယ်။ အချိန်ယူပြီး စဥ်းစားပါ။ မင်းgroup chatထဲတောင်ရောက်နေပြီပဲ။ ငါမင်းအတွက် အသင်းထဲမှာ တစ်နေရာ ချန်ထားပေးမယ်။

[X]: ကျေးဇူးတင်ပါတယ်။

လင်းရှီ chatထဲကနေ ထွက်လိုက်သည်။ နည်းနည်း တွန့်ဆုတ်သွားပေမယ့် group ownerက တော်တော် သနားစရာကောင်းတယ်လို့ ခံစားမိပြီး groupထဲမှာပဲ ဆက်နေလိုက်သည်။

ဘာပဲဖြစ်ဖြစ် groupထဲက လူနည်းနည်းနဲ့ပဲ တစ်နည်းနည်းနဲ့တော့ အဆင်ပြေသွားမှာပါ။

..........
နောက်နေ့ လင်းရှီနိုးတော့ အန်တီမိုင်က သူမနဲ့ဂူရှောင်းအတွက် မနက်စာပြင်ပြီးနေပြီ။

မနက်စာ စာပြီးတော့ လင်းရှီက ပုံမှန်အတိုင်း အိမ်မှာပဲ နေနေ၏။ အန်တီမိုင်ကတော့ နေ့တစ်ဝက်လောက် အပြင်ထွက်သွားသည်။

နေ့လည် အန်တီမိုင်ပြန်လာချိန်မှာ သူမနဲ့အတူ ပစ္စည်းပစ္စယအထုပ်တွေနဲ့ ပြန်လာသည်။ သူမနောက်မှာ boxနှစ်ပုံးသယ်လာတဲ့ deliveryနှစ်ယောက်လည်း ရှိသေးတယ်။

အစက လင်းရှီက အန်တီမိုင်ရဲ့luggageတွေနေလောက်မှာလို့ တွေးမိလိုက်ပေမယ့် အန်တီမိုင်က boxတစ်ခုထည်းမှ တစ်စုံတစ်ရာကို ထုတ်ပြီး အပြုံးလေးဖြင့် လှမ်းပေးနေတာကို မြင်လိုက်သည်။

"မမလေးရှီ ဒါသမီးအတွက် ဖုန်းအသစ်။ ကြိုက်လားလို့ ကြည့်ကြည့်လိုက်ဦး"

ဖုန်းက latest modelတွေထဲက တစ်ခုဖြစ်ပုံရတယ်။ ပန်းရောင်လေးဖြစ်ပြီး အနောက်မှာ ချစ်စရာသက်တန့်ပုံလေး ပါတယ်။ ဖုန်းက အထူးcustomer အတွက် သေချာလုပ်ပေးထားတာ။

အန်တီမိုင်က တခြားအထုပ်တွေကိုပါ ညွှန်ပြလိုက်ကာ
"ဒါတွေကလည်းပဲ သမီးအတွက်ပဲ မမလေးရှီ"

"ဟိုဘက်ကဟာတွေက အဝတ်စားတွေ ဒီဘက်ကဟာတွေက ကျောင်းသုံးပစ္စည်းတွေ။ မမလေးရှီက မကြာခင် ကျောင်းတက်တော့မှာမလား။ အဲ့တာတွေက သမီးအတွက် အသုံးဝင်လောက်မှာ"

အန်တီမိုင်က အထုပ်တွေကို ဖွင့်ပြလိုက်တော့ လင်းရှီမြင်လိုက်ရတာက ပန်းရောင်ပင်လယ်ပြင်ကြီး။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now