Chapter-9 a nightmare (2)

4.8K 639 12
                                    

Unicode

သူမရဲ့ကျောပိုးအိတ်ရဲ့ မသိသာတဲ့နေရာမှာ အပေါက်သေးသေးလေးဖောက်လိုက်ပြီး အထဲကို ငွေအနည်းငယ်ထိုးထည့်လိုက်သည်။

သူမအကြိမ်ဖန်များစွာ စစ်ဆေးခဲ့ပြီး လွဲနေတာဘာမှမရှိဘူးဆိုတာ သေချာမှ လက်စသတ်လိုက်တော့၏။

...........
လင်းရှီအကုန်လုံးပြီးသွားတဲ့အခါမှာ ညလယ်လောက်ကို ရောက်နေပြီ။

လင်းရှီကအရမ်းကို ပင်ပန်းနေပြီး သူမအိပ်ယာပေါ် ရောက်တာနဲ့ ချက်ချင်းကို အိပ်ပျော်သွားသည်။

သူမရဲ့စိတ်ထဲမှာ နောက်တစ်ကြိမ် ပုံရိပ်အပိုင်းအစတွေ ထပ်ပေါ်လာချိန်တွင် အချိန်ဘယ်လောက်ကုန်သွားပြီဆိုတာ သူမ မသိခဲ့ပေ။

အိပ်မက်ထဲမှာ သူမကမှောင်နေတဲ့ နောက်ဖေးလမ်းကြားထဲကို ရောက်နေပုံပေါ်၏။ သူမ မြန်နိုင်သမျှ မြန်မြန်ပြေးနေပြီး သူမနောက်မှာဆူညံသံတွေအများကြီး လိုက်လာသည်။

ရုတ်တရက် သူမမျက်လုံးတွေက အမှောင်ကျသွားပြီး အဖမ်းခံလိုက်ရသည်။

မြေပြင်ပေါ်ကျသွားပြီးနောက် သူမတတ်နိုင်သမျှ သူမကိုယ်ကိုနောက်ပြန်ဆုတ်ခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးတော့ သူမ၏ရှေ့တွင် လူတွေက သူမကိုဝင်းရံထားလိုက်တယ်။

လင်းရှီက သူတို့မျက်နှာကို မမြင်ရပေမယ့် သူတို့မျက်နှာပေါ်မှာ ကြောက်စရာကောင်းတဲ့အကြည့်တွေ ရှိတယ်ဆိုတာ ခံစားမိသည်။

သူတို့က သူမနားကပ်လာပြီး သူမ၏ခြေလက်တွေကိုဆွဲကာ သူတို့ထဲက တစ်ယောက်က သူမဗိုက်ကို အကြိမ်အနည်းငယ်လောက် ကန်လိုက်သည်။ အခြားတစ်ယောက်ဆိုရင် သူမဆံပင်ကိုဆွဲပြီး ခေါင်းကိုနံရံနဲ့ဆောင့်လေသည်။ သူမက နာကျင်မှုကိုတောင် မဖော်ပြနိုင်ခဲ့ပေ။

----မဖြစ်ဘူး။ တစ်ယောက်ယောက် ကျေးဇူးပြုပြီး ကယ်ပေးပါ။

သူမ အော်ချင်ပေမယ့် ဘာအသံမှထွက်မလာခဲ့ချေ။

သူမဆီကို လက်တွေအများကြီး လှမ်းလာကြတာကိုပဲ မြင်နိုင်ခဲ့၏။

.........
အိပ်မက်က ထိုနေရာမှာ ရုတ်တရက် ရပ်သွားသည်။

"မဖြစ်ဘူး"

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now