Chapter-168

3.3K 473 10
                                    

It was difficult for Gu Xi not to focus too much on the woman who resembled Song Kexin.

..........
Unicode

"ဘော့စ် မစ္စတာချောင် ရောက်နေပါပြီ။ ပြီးတော့ ဘော့စ်နဲ့တွေ့ချင်တယ်တဲ့"

ဖုန်းချပြီးနောက် ရှုဖေးက တင်ပြလာသည်။

သူပြောနေသာ မစ္စတာချောင်မှာ အရင်တုန်းက အဝယ်တော်အေးဂျင့်အနေနှင့် သူတို့နှင့်အလုပ်အတူတူလုပ်ခဲ့သော ချောင်လော့ကို ဆိုလိုခြင်းဖြစ်သည်။

သို့သော်ငြား ဤတစ်ကြိမ်တွင် ချောင်လော့က NTNကို ဆက်သွယ်လာသူမဟုတ် ဂူရှောင်းကသာ သူ့ကို ဆက်သွယ်လိုက်ခြင်းဖြစ်သည်။

..........

"ဘာကိစ္စလဲဆိုတာ သူဖုန်းကနေ ပြောလိုက်သေးလား"
ဂူရှောင်း မေးမြန်းလိုက်သည်။

မူလက ဗုဒ္ဓဟူးနေ့မှာ တွေ့ဖို့အချိန်ဇယားဆွဲထားကြတာပင်။

"ဟုတ် ပြောလိုက်ပါတယ်။ ကြည့်ရတာ မစ္စတာချောင်က ကျွန်တော်တို့ရဲ့ထုတ်ကုန်တွေကို စိတ်ဝင်စားတဲ့ပါတီတွေနဲ့ ပြောဆိုဆက်ဆံပြီးပုံပဲ။ တစ်ချို့ကဆို ကျွန်တော်တို့ရဲ့ MTMပင်လယ်ရေကြောင်းပို့ဆောင်မှုလုံခြုံရေးစစ်စတန်ကို အတော်လေးစိတ်ဝင်ကြပုံရတယ်။ အဲ့တာကြောင့် သူက အချိန်စောပြီး တွေ့ချင်နေတာပါ။ ပြီးတော့ ကျွန်တော်တို့ဆီက ပုံစံငယ်ကိုလည်း ကြည့်ချင်နေကြပါတယ်"

ဂူရှောင်း,"ပုံစံငယ်ကရော အခြေနေဘယ်လိုလဲ"

"ဘော့စ် မိဘဆရာစည်းဝေးပွဲတက်ရောက်နေတုန်းမှာ teamက သတင်းပို့ထားပါတယ်။ ပုံစံငယ်က အတော်များများ ပြီးသွားပါပြီတဲ့။ testingလုပ်ဖို့အတွက်ဆိုရင် အိုကေပါတဲ့"

"အသင့်ပြင်ခိုင်းထားလိုက်"

"ရက်စ် ဘော့စ်"

...........

သူတို့ပြောနေတာကြတွေကို တစ်ဝက်လောက်သာ ဂူရှီနားလည်ပါ၏။ သို့သော် ပင်လယ်ရေကြောင်းပို့ဆောင်ရေးလုံခြုံမှုစစ်စတန်အကြောင်းကို ကြားလိုက်ရချိန်၌ သူမမျက်လုံးအရောင်တောက်လာခဲ့သည်။
"အဲ့ဒီလုံခြုံရေးစစ်စတန်က နိုင်ငံတကာပင်လယ်ရေကြောင်းဧရိယာက ကုန်သွယ်ရေးတွေကို စောင့်ကြည့်ဖို့အတွက်လား"

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now