Chapter-146 "Dad, am I ugly in the photo?"

5.1K 668 24
                                    

Unicode

"မင်းကိုယ်မင်း ဘာတွေလုပ်နေတယ်လို့ ထင်နေတာလဲ ရှန်းရှို့ယန်?!"

ရှန်းရှို့ယန်,"လက်ချော်သွားလို့"

ဂူချန်းရီ: အော် ဟုတ်ဟုတ်။

တစ်ဖက်တွင် ရှန်းရှို့ယန်သည် ဂူချန်းရီကို လျစ်လျူရှုကာ သူတို့၏ပြိုင်ဘက်တွေဆီက ဘောလုံးကို ပြန်လုယူလေသည်။

...........
ပြိုင်ပွဲပထမပိုင်းက ဂျူနီယာတွေနှင့် ဒုတိယနှစ်တွေကြားကဆိုလျှင် ဒုတိယပိုင်းသည် လုံးဝကို ဘယ်သူအမှတ်ပိုရသလဲ ပြိုင်နေကြသော ရှန်းရှို့ယန်နှင့် ဂူချန်းရီတို့ကြားက ပြိုင်ပွဲဖြစ်သည်။

ဆက်လက်မြင့်တက်နေသော အမှတ်တွေကို ကြည့်ကာ တုန်မင်မင်တောင်မှ သက်ပြင်းချလေသည်။
"ဒီနှစ်ယောက်က ကြက်သွေးတွေကိုများ ရထားတာလား။ ဒါမှမဟုတ် တစ်ခုခုဖြစ်နေတာလား"

"နေဦး။ နေဦး။ ဒါအရမ်းမိုက်တယ်။ ငါ animated gifလေးတွေလုပ်ပြီး ငါ့groupထဲကို ရှဲရမယ်"
ပြောလျက်ပင် တုန်မင်မင်သည် ဖုန်းထုတ်လိုက်သည်။

ဂူရှီသည်လည်း ဖုန်းကိုထုတ်ကာ နောက်ထပ်ဓါတ်ပုံထပ်ရိုက်ဖို့ ပြင်လိုက်သည်။

ရုတ်တရက် တုန်မင်မင်သည် ဂူရှီ၏လက်ကို ဆွဲလိုက်ပြီး အသည်းအသန်ခဲမှန်ဖြစ်နေသော အကြည့်ဖြင့် ပြောလေသည်။
"အကုန်သွားပြီ။ ဓါတ်ပုံတွေ"

"ဘာလဲ။ နင် ဓါတ်ပုံတွေကို မတော်တဆ ဖျတ်မိလို့လား"

တုန်မင်မင်သည် ခေါင်းခါလိုက်၏။
"ငါပြောနေတဲ့ဓါတ်ပုံတွေက အဲ့တာကိုမဟုတ်ဘူး။ ငါတို့ရဲ့ပုံတွေကို ပြောနေတာ...."

"ဒီတစ်ခု နင်ကိုယ်တိုင်သာကြည့်တော့"
တုန်မင်မင်သည် ဂူရှီကို သူမ၏ဖုန်းအား ပြလိုက်သည်။

[အနုပညာပွဲတော်အတွက် အသစ်စက်စက် ထွက်လာတဲ့အပြုံးနံရံလေးပါ! ဘယ်သူတွေပါသလဲဆိုတာ လာကြည့်ကြပါစို့] ဟူသော ခေါင်းစဥ်နှင့်အတူ ဖိုရမ်ထဲက နောက်ဆုံးပို့စ်ကို ဂူရှီ ချက်ချင်းမြင်လိုက်သည်။

"အရင်တုန်းက ဓါတ်ပုံရိုက်ဖို့ ငါတို့ ဆွဲခေါ်သွားခံရတဲ့တစ်ခုလား"
ဂူရှီသည် အဖြစ်အပျက်ကို မှတ်မိကာ မေးလေသည်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now