Chapter-161 "Haven't I already said that this topic is unrealistic?"

4.5K 579 10
                                    

Unicode

ဂူရှောင်းက ဘယ်သူလဲ။ သူသာ သူ့သမီးကို ကူညီပေးပါက topic၏ဖြစ်နိုင်ခြေကို သက်သေပြတာက ကိစ္စကြီးမဟုတ်ချေ။

တကယ်ပင် ရုပ်လုံးသက်သေကြီးအား ချပြလာသည်ကို ထားလိုက်ဦး, 'ဒီtopicက လုံးဝကိုအဆင်ပြေတယ်'ဟူ၍ ဂူရှောင်း စကားတစ်ခွန်းပြောလိုက်လျှင်ကို သူ့စကားတွေက လျှိုတဲ့ရှင်း၏စကားထက်ကို ဆယ်ဆယုံကြည်ထိုက်သည်။

..........
ဘော့စ်ဟူသည် တစ်စုံတစ်ရာကို တွေးမိသွားပြီး ပိုပြီးတော့တောင် ရုပ်ဆိုးအကျည်းတန်သွားသည်။

Organizerကသာ ဂူရှောင်း၏အကြံကို လိုက်လျောကာ သူတို့၏အကဲဖြတ်မှုကို ဆက်လက်ထိန်းပေးထားပြီး ထို့နောက် ဂူရှီနှင့်သူမအသင်းက သက်သေပြနိုင်ခဲ့လျှင် မျက်နှာဖြတ်ရိုက်ခံလိုက်ရတာက organizerသာဖြစ်သွားလိမ့်မည်။ ဒီဂရီတစ်ခုလောက်ကို လူငယ်တီထွင်မှုပြိုင်ပွဲ၏ ဂုဏ်သိက္ခာအား ညှိုးနွမ်းသွားစေလိမ့်မည်။

အကဲဖြတ်မှုမှာ သူတို့လုပ်မိခဲ့သော အမှားအတွက် publicချ တောင်ပန်းပေးရန် လိုအပ်လာလိမ့်မည်။

ဘော့စ်ဟူသည် ထို့ကဲ့သို့ မဖြစ်စေချင်ပေ။ သို့သော် ယခုတွင် ဂူရှောင်းကို ရင်ဆိုင်လျက် သူသည် ဖော်ရွေသောအပြုံးကို ဆက်လက်ချိတ်ဆွဲထားကာ ခေါင်းညိတ်သဘောတူလိုက်သည်။

"လုံးဝကို ပြဿနာမရှိပါဘူး။ နှံ့စပ်တဲ့ရှုထောင့်ကနေ ကြည့်ရရင်တောင် ကျွန်တော်တို့တွေက အကြောင်းရာကို ပိုပြီးနက်နက်နဲနဲလုပ်ပေးပြီး topicရဲ့ ယုတ္တိဆန်မှုကို သက်သေပြပေးတဲ့ ပြိုင်ပွဲဝင်တွေကို အရမ်းထောက်ခံအားပေးပါတယ်"
ဘော့စ်ဟူသည် သဘာဝကျသောလေထုကို ထိန်းသိမ်းရင်းဖြင့်ဆိုလေသည်။

ဂူရှောင်းကို ဂရုတစိုက် တစ်ချက်လောက်ကြည့်၍ သူက ထပ်ပြောလေတယ်။
"အချိန်အတွက်ကတော့ အတော်လေးကသုတ်ကရက်နိုင်သွားပုံပေါ်တယ်။ ဒါပေမယ့် အဆင်ပြေပါတယ်။ ခွင့်ပြုပေးထားတဲ့အချိန်က ပြောင်းလို့လွယ်ပါတယ်။ တစ်ပတ်က မလောက်ရင် နှစ်ပတ်ကနေ သုံးပတ်ထိ ကျွန်တော်တို့ထားပေးလို့ရတယ်"

"တစ်လဆိုရင်ရော ဘယ်လိုထင်လဲ ပါမောက္ခဂူ"
အနည်းငယ်ငုံ့လျက် ဘော့စ်ဟူက မေးမြန်း၏။ ဂူရှောင်းကို ဖြစ်နိုင်သလောက် လေးစားမှုကို ပြသရင်းဖြင့်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now