Chapter-102

4.9K 564 10
                                    

Looking over at Gu Xi, what's with that unpleasant feeling that he was experiencing right now? (2)

............
Unicode

ဆရာက မှင်တက်သွားရသည်။ သူတို့ကျောင်းသားနှစ်ယောက်ထဲက တစ်ယောက်က တစ်ကိုယ်တည်းရမှတ်မှာ အမြင့်ဆုံးဖြစ်ပြီး တခြားတစ်ယောက်က အနိမ့်ဆုံးဖြစ်သည်။

ထိုအရာက ပြဿနာမဟုတ်သေး။ အဆိုးဆုံးအပိုင်းက ကျောင်းသားနှစ်ယောက် မေးခွန်းတစ်စုံတည်းကို အတူဖြေရသည့်အပိုင်းဖြစ်သည်။

...........
ကောင်ကျစ်ဖန်သည်သာ ဆရာအပြစ်တင်သည်ကို ခံရသည်မဟုတ်။ ဂူရှီလည်း အပြစ်တင်ခံခဲ့ရသည်။ team workမှာ အားနည်းသည့်အတွက်ကြောင့်ဖြစ်သည်။

နောက်ဆုံးတွင် ဤကိစ္စသည် ကျောင်းက ပြန်၍အစမဖော်ချင်သော အလွန်ရှက်ဖွယ်ကိစ္စဖြစ်ခဲ့ရသည်။ ဆရာကလည်း သူတို့နှစ်ယောက်၏ရမှတ်တွေအကြောင်း ဘာမှကိုမပြောချင်တော့ပေ။

ထို့ကြောင့် ဤအကြောင်းကို လူတွေအများကြီး မသိကြလေ။ ဘာမှမသိတဲ့လူတွေကတော့ ကောင်ကျစ်ဖန်သည်ကသာ ဂူရှီကို သူနှင့်အတူဆွဲချသွားသည့်သူ ဖြစ်လောက်မည်ဟု တွေးမှာမဟုတ်ကြချေ။

လင်းအန်ရှင်းကတော့ ဒီအကြောင်းကို ကောင်ကျစ်ဖန်ဆီက ကြားခဲ့ရတာဖြစ်၏။

သူမက ထိုအချိန်က ကောင်ကျစ်ဖန်အတန်းထဲကို ရောက်နေခဲ့ပြီး ပြိုင်ပွဲအကြောင်းကို သူတို့စပြောကြလေသည်။ ထိုအချိန်တွင် ကောင်ကျစ်ဖန်က moodမကောင်းနေတာဖြစ်ပြီး ဒါတွေက ဂူရှီအမှားလို့ ပြောခဲ့သည်။

လင်းအန်ရှင်းက ဂူရှီကို အထင်သေးတဲ့အကြည့် ပေးလိုက်ပြီး လူအုပ်ကို ပြန်ကြည့်လေသည်။
"ဒါပေမယ့် အခုတော့ အကုန်လုံးက အဆင်ပြေသွားပါပြီ။ စီနီယာက အခုနင်တို့ကျောင်းကို ရောက်သွားပြီလေ။ နင်တို့ကသာ စိတ်ပူနေသင့်တာ"

လူတိုင်းက လင်းအန်ရှင်း၏စကားကို ကြားပြီး အံ့အားသင့်ကုန်ကြသည်။ သူတို့တွေက အထောက်ထားတစ်ခုခုကို ရှာဖွေနေသကဲ့သို ဂူရှီနှင့် ကောင်ကျစ်ဖန်ကို ကြည့်လိုက်သည်။

လူတိုင်း၏အကြည့်အောက်တွင် ကောင်ကျစ်ဖန်သည် တောင့်တင်းသွား၏။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now