Chapter-72 "Is God Xiu referring to a student in this class?" (2)

5.1K 621 5
                                    

Unicode

ဆရာမချန်ဟာ ဆုတွေတစ်ပွေ့တစ်ပိုက်နှင့် interviewတွေက သူမဆီရောက်လာတော့မည်အား ကြိုမြင်ယောင်နေပြီဖြစ်သည်။

ဂူရှီကိုကြည့်ကာ ဆရာမချန်က ကြင်ကြင်နာနာ ပြုံးပြလိုက်သည်။

"သွားရအောင် ဂူရှီ။ သမီးကို စာသင်ခန်းဆီ ဆရာမလိုက်ပြမယ်"

.........
မနက်ခင်းပိုင်းကျောင်းတက်သွားတော့ ဆရာမချန်နှင့်ဂူရှီသည် အတန်းသို့ လာခဲ့သည်။

သူတို့၏အတန်းပိုင်ဆရာမ မဝင်လာခင် အတန်းက တော်တော်သက်ဝင်ဆူညံနေ၏။ ဆရာမလည်းဝင်လာရော သူတို့လည်းချက်ချင်း တိတ်ကြသွားသည်။

သို့ပေမယ့် ဆရာမနောက်က ဂူရှီကိုမြင်လိုက်ချိန် အတန်းက နောက်ထပ်တစ်ဖန် ဆူညံလာသည်။

"ကြည့် ကြည့် အဲ့တာက ငါတို့ရဲ့အတန်းဖော်အသစ်လား"
တစ်ယောက်က ကျယ်လောင်စွာ ပြောလာသည်။

ထိုလူပြောပြီးသည်နှင့် လူတိုင်းက ဂူရှီကိုကြည့်လိုက်ကြသည်။

"ငါတို့အတန်းရဲ့ အတန်းဖော်အသစ်က တော်တော်လှတာပဲ"

"သူမက မနေ့က ဆရာမချန်ပြောတဲ့ ထူးချွန်ကျောင်းသူဆိုတာ သေချာလား"
သူတို့က သူတို့အတန်း၏အတန်းဖော်အသစ်လေးနှင့် ထူးချွန်ကျောင်းသူဆိုသော ဆက်စပ်ကြည့်လို့မရရုံတင်ပါ။

"မနေ့က ဆရာမချန်က ငါတို့ ကျောင်းအလှပန်းလေးတစ်ယောက် ရလာလိမ့်မယ်လို့ မပြောခဲ့ပါဘူး"
တစ်ယောက်က ခွန်းတုံ့ပြန်လာသည်။

လူတိုင်းက တစ်ချိန်တည်းမှာ ပြောနေတဲ့အတွက် ဆရာမချန်သည် လည်ချောင်းရှင်းလိုက်ကာ
"တိတ်ကြ မင်းတို့တွေ ငါတို့ဘေးကအတန်းတွေကို အနှောင့်ယှက်ဖြစ်အောင် လုပ်နေမိပြီ"

သူမပြောပြီးနောက် အတန်းက ငြိမ်ကြသွားသည်။

ဒါကြောင့် ဆရာမချန်က ဂူရှီကို စင်ရှေ့ကိုခေါ်သွားကာ တခြားလူတွေကို မိတ်ဆက်ပေးသည်။
"ဒါကဂူရှီ။ ငါပြောခဲ့သလို သူမက ငါတို့အတန်းကို ပြောင်းလာ....."

ဆရာမချန် ပြောလို့တောင်မပြီးသေးခင် တစ်စုံတစ်ယောက် တစ်ဖန်အော်ပြောလာ၏။
"Oh my gosh အဲ့တာက သူမပဲ"

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now