Chapter-98

4.9K 608 12
                                    

Lin Anxin wanted to expose Gu Xi's infamous past in front of her new schoolmates. (2)

...........
Unicode

နှစ်ယောက်သမားက ဆိုင်သေးလေးအကြောင်း ပြောနေကြပြီး သူတို့ ဂူရှီကို မြင်ရလိုက်ချင်း ရုတ်ခြည်း ရပ်ပစ်လိုက်သည်။ သူတို့မျက်လုံးတွေ ပြူးကုန်ပြီး မယုံနိုင်ဖြစ်နေပုံရသည်။

သူတို့နှစ်ယောက်က ဂူရှီကို မှတ်မိတယ်။

ဂူရှီကတော့ သူတို့ကို မသိပေ။ သို့ပေမယ့် သူတို့အဝတ်စားပေါ်က လီမင်အမှတ်အသားကိုတော့ သူမ မှတ်မိသည်။

.............
လီမင်ကလည်း ဒီဟိုတယ်မှာ နေသည်ဟု ကြားထားတာကြောင့် လီမင်ကျောင်းသားတွေကို ဒီနေရာမှာ တွေ့ရတာကို ဂူရှီ မအံ့သြတော့ပါ။

ဂူရှောင်းက သူမကို ကျောင်းပြောင်းပေးသည့် နေ့က သူ ကျောင်းအုပ်ကို ဘာပြောခဲ့မှန်း ဂူရှီသေချာမသိပေ။ သို့သော် သူမတို့ထွက်ခွာသွားပြီးနောက် လီမင်ကျောင်းဖော်ရမ်ကို ပြင်ဆင်မှုတွေအတွက် ပိတ်ထားရသည်အား သူမ ကြားမိသည်။

သူမ၏ကောလဟလသတင်းတွေက တခြားမလိုမုန်းထား ထင်မြင်ချက်တွေနှင့်အတူ လုံးဝပျောက်ကွယ်သွားသည်။

ဒါကြောင့် လီမင်ကလူနှင့် တွေ့ချိန်တွင် ဂူရှီအနည်းငယ် ကြောက်ရွံ့သွားရင်တောင်မှ ဒါက အနည်းငယ်သော ကြောက်ရွံ့မှုလေးသာ ဖြစ်လိမ့်မည်။

တခြားနှစ်ယောက်ကို ဖြတ်လျှောက်လာပြီးနောက်တွင် ဂူရှီသည် သူမနောက်က သိပ်မဝေးသော သူတို့အသံကို ကြားနေရတုန်းဖြစ်သည်။

"အဲ့တာ လင်းရှီမလား"

"ဟုတ်ပုံရတယ်"

"သူမက နိုင်ငံခြားသွားတယ်လို့ ငါတို့ကြားခဲ့ရတယ်မလား။ အဲ့တာက အမှန် မဟုတ်ဘူးလား"

"သူမအင်္ကျီပေါ်က အမှတ်သားက HSAUကဟာပဲ"

"သူမက HSAUကို ပြောင်းသွားတာလို့ ပြောချင်တာလား"

"ဒီပြိုင်ပွဲမှာ သူမက HSAU ကိုယ်စားပြုပြိုင်တာလား"

.........
တစ်ဖက်တွင် ဓါတ်လှေကားထဲသို့ ဝင်ပြီးနောက်တွင် ဂူချန်းရီသည် သူ့လက်တွေကို ဘောင်းဘီအိတ်တွေထဲ ထည့်ထားသည်။ ကောင်မလေးနှစ်ယောက် ကြည့်နေကာ သူ့မျက်နှာက အနည်းငယ် မှုန်သုန်သုန်ဖြစ်နေသည်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now