Chapter-125 "Boss! Are you actually reading the school forum?!" (3)

4.9K 610 6
                                    

Unicode

တုန်မင်မင်သည် အကြည့်လွဲကာ သူမဖုန်းကို ပြန်ထုတ်လိုက်သည်။ အင်း voteတွေကို ဆွဲကြည့်တာကမှ သူမစွမ်းရည်နဲ့ ပိုကိုက်ညီတယ်။

တွေးကြည့်ပြီး တုန်မင်မင်သည် voting linkကို သူမ၏friend's circleနှင့် သူမ၏group chatတွေအကုန်လုံးမှာ ရှဲလိုက်သည်။

...............
တစ်ဖက်တွင် ဂူချန်းရီသည် ရှော့ခ်ရလျက် leave me alone ဆိုသောပုံစံမျိုးဖြင့် သူ့အတန်းကို ပြန်လာခဲ့သည်။

'ရှီ'ဆိုသောအကြောင်းရာတစ်ခုကို မကြားခင်အထိ ထိုသို့သာဖြစ်နေသည်။ ဂူချန်းရီသည် ကိုယ်ပြန်မတ်သွားကာ သူ့ခုံကနေ ထခုန်၍ လျှောက်သွားလေသည်။

ဂူချန်းရီ,"မင်းတို့ပြောနေတာ ဘာရှီအကြောင်းလဲ"

"Oh ကျောင်းသားကိုယ်စားပြုvotingအကြောင်းကို ပြောနေတာလေ။ နတ်ဘုရားမရှီလည်း ပါတယ်"

ဂူချန်းရီ,"ဂူရှီလား"

"အင်း"
တခြားလူတွေသည် ခေါင်းညိမ့်လိုက်ကြသည်။
"သူမလည်း voteတော်တော်ရတယ်"

"မနေ့ရဲ့ပူးတွဲပြိုင်ပွဲရလဒ်က အတော်ရှော့ခ်ရစရာပဲ။ ပြီးတော့ နတ်ဘုရားမရှီကလည်း အတော်လှတယ်"
"ဟုတ်တယ်။ သူမပုံစံနဲ့ဆို အနည်ဆုံးtop 5ပဲ"

"ငါကတော့ top 3ပဲ"

ထိုစကားကို ကြားရတော့ ဂူချန်းရီ၏မျက်လုံးသည် အရောင်တောက်သွားသည်။ သူက မြန်မြန် ဖုန်းကို ထုတ်၍ ဖော်ရမ်ထဲက voting pageကို နှိပ်ဝင်လေသည်။

..........
သူ့ဘေးပတ်လည်တွင် ထိုင်ကြသော ဂူချန်းရီ၏အတန်းဖော်တွေ စာသင်ခန်းထဲကို ပြန်ရောက်လာကြချိန်တွင် ဂူချန်းရီသည် ဖုန်းကိုကိုင်ထားပြီး အရမ်းအာရုံစိုက်နေတာကို သူတို့တွေ့လိုက်ရသည်။

"ဘော့စ် အတန်းမတက်ခင် ငါတို့ မြန်မြန်တစ်ပွဲလောက် ဆော့မယ်ထင်နေတာ။ မင်းဘယ်ရောက်နေတာလဲ"
ထိုလူတွေသည် အတန်းထဲဝင်လာကြပြီး ဂူချန်းရီရှေ့လျှောက်လာကြသည်။

သူတို့က ကျောင်းကို စောစောလာဖို့ သဘောတူခဲ့ကြသည်။ ဒါမှ သူတို့ မနက်ခင်းမှာ တစ်ပွဲတစ်လမ်းလောက် ဆော့နိုင်မှာလေ။ သို့သော် ဂူချန်းရီကို ဘယ်မှရှာမတွေ့ချိန်တွင် တခြားလူတိုင်းကတော့ ထိုနေရာသို့ ရောက်နေခဲ့ကြသည်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now