Chapter 167

4.6K 595 17
                                    

The difference in the words was very minor but Gu Shao picked it up anyway.
.........
Unicode

သို့သော် သူမ စကားပြောတာမပြီးခင် ဂူရှောင်းက ဆိုလာခဲ့သည်။
"သူမ မကြိုက်တဲ့ talentတွေအကုန်လုံးကို လိုက်လုပ်နေတာ ဘာအဓိပ္ပါယ်မှာလဲ"

သူ ဒီထက် ဘွင်ဘွင်ရှင်းရှင်း ပြောလို့မရတော့ဘူး။

စွန်းဖေးယန်ပြန်မချေပနိုင်ခင်တွင် ဂူရှောင်းသည် "ခွင့်ပြုပါဦး"ဆိုသော စကားဖြင့် ပြန်လှည့်ကာ ထွက်သွားလေသည်။

...........
ဂူရှောင်း ထွက်လာရခြင်း၏အကြောင်းကား သူတို့နှင့် သိပ်မဝေးတဝေးမှာ ရပ်နေသော ဂူရှီကို သတိထားမိကြောင့်ခြင်းပင်။ ဂူရှီသည် ကျောင်းဝင်ပေါက်နှင့် သိပ်မဝေးသောနေရာတွင် ဝင်ပေါက်ကို စိတ်အားတက်ကြွစွာ စိုက်ကြည့်လျက် ရပ်နေသည်။

ဂူရှောင်းသည် ဂူရှီနောက်ကို လျှေက်သွားလိုက်ပြီး သူ့အမူအရာများ နူးညံ့နေသည်မှာ သိသာလှသည်။

ဂူရှောင်း,"အဖေ့ကို စောင့်နေတာလား"

ဂူရှောင်း၏အသံကို ကြားလိုက်ချိန်တွင် ဂူရှီ တွေဝေသွားသည်။ ဂူရှောင်းရောက်လာပြီဆိုတာကို သူမ နားလည်လိုက်ပါပြီ။

ဂူရှီသည် လှည့်လာလျက် ခေါ်လေသည်။
"အဖေ"
ရှက်ရွံ့စွာ ပြုံးနေလျက်
"သမီးထင်တာက......"

ဂူရှောင်း,"အဖေမလာတော့ဘူးလို့လား"

"မဟုတ်ပါဘူး"
ဂူရှီသည် ခေါင်းခါရမ်းကာ အကြောင်းပြချက်ပေးရန် ကြိုးစားလေ၏။
"အဖေ သမီးအခန်းကို ရှာမတွေ့မှာစိုးလို့"

"သွားရအောင် အဖေ။ မိဘဆရာတွေ့ဆုံပွဲက စတော့မှာ"
ဂူရှီသည် ဂူရှောင်းအား ဆွဲခေါ်လျက် Class #7ဘက်သို့ ဦးတည်လိုက်သည်။

သူမ မည်မျှပင် အေးဆေးတည်ငြိမ်ဟန်ဆောင်ထားပေမယ့် သူမ၏ပုံစံနှင့်သွားနှုန်းက သစ္စာဖောက်ကာ သူမ၏စိတ်လှုပ်ရှားမှုကို ဖော်ပြနေသည်။

ဂူရှီသည် ဂူရှောင်အား စာသင်ခန်းဆီသို့ ဆွဲခေါ်သွားခဲ့သည်။

သူတို့တွေ အတန်းဝင်ပေါက်သို့ ရောက်သည့်အခိုက်တန့်တွင် သူတို့အထဲသို့ မဝင်နိုင်ခင် အတန်းပိုင်ဆရာမသည် ဂူရှောင်းအား ထက်ထက်သန်သန်ကြိုဆိုရန် အပြင်သို့ ထွက်လာခဲ့ပြီးဖြစ်လေရာ။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now