Chapter-115 He hung up on Gao Zifeng before he could say anything else. (2)

5.3K 604 6
                                    

Unicode

တခြားကျောင်းကလူတွေသည် အရင်နှစ်က အမှတ်အမြင့်ဆုံးရခဲ့သော ဒဏ္ဍာရီလာပုဂ္ဂိုလ်ကြီး လင်းရှီက ဂူရှီပဲဆိုတာကို သိကြလိမ့်မည်မဟုတ်။ သို့သော် HSAUကလူတွေသည် ဂူရှီက လင်းရှီဖြစ်ခဲ့တယ်ဆိုတာကို သိသွားခဲ့ကြသည်။ ဟိုချီးဦးနှောက်နှစ်ကောင်ကို ကျေးဇူးတင်ရမယ်။

ထို့ကြောင့် သူတို့သည် ဂူရှီကို ပိုလေးစားနေကြသည်။

...............
"ကောင်ကျစ်ဖန်ကမှ မင်းကို ဆွဲချခဲ့တဲ့လူဖြစ်ပြီးတော့ သူက မင်းကို သူ့ကို နှောင့်ယှက်တယ်ဆိုပြီး စွပ်စွဲဖို့ ဇတောင်ရှိသေးတယ်"
တစ်ယောက်က မကျေမနပ် စိတ်တိုစွာ ပြောလေသည်။

"မှန်တယ်။ လီမင်ကလူတွေလည်း မင်းနဲ့ကောင်ကျစ်ဖန်အမှတ်တွေကို အခုကြည့်ပြီးသွားလို့ မင်းကို ကြည့်ဖို့တောင် ရှက်နေတာလို့ ငါထင်တယ်"

အဲ့လိုလား?

ဂူရှီသည် လီမင်ဘက်ကို ကြည့်လိုက်သည်။ သေချာပေါက်ကို လီမင်ကလူတွေသည် ခေါင်းတွေ ပိုငုံ့သွားကြသည်။

ရုတ်တရက် လီမင်က အရပ်ရှည်ရှည် ဂျူနီယာကောင်လေးတစ်ယောက်သည် မတ်တပ်ရပ်ကာ ဂူရှီဆီသို့ လာလေသည်။ သူက ရှက်ရွံ့စွာ သူမကို ပြောလေ၏။
"ငါတောင်းပန်ပါတယ်။ မနှစ်က ငါ မင်းကို အထင်လွဲခဲ့တယ်"

အရင်နှစ်က အဖြစ်အပျက်ကို သူပြန်မှတ်မိသွားချိန်တွင် စိတ်လည်းတို ရှက်လည်းရှက်ဖြစ်ရသည်။ –သူလည်းပဲ အရင်နှစ်က ဒီနေရာမှာရှိခဲ့သည်။ နောက်ဆုံးပွဲစဥ်ကနေ ရလဒ်တွေကို ကြေညာပြီးနောက်တွင် ကောင်ကျစ်ဖန်သည် ဆရာ့နောက်ကွယ်တွင် သူတို့ကို ပြောပြခဲ့သည်။ သူတို့အမှတ်နိမ့်ရတဲ့ အကြောင်းရင်းက ဂူရှီက သူနှင့်အတူလုပ်ဆောင်ပေးခြင်းမရှိသောကြောင့်ဆိုပြီး။ သူတို့က မေးခွန်းစုံအတူတူကို ဖြေခဲ့ရပြီး သူတို့ထဲကတစ်ယောက်က အမှားတွေအများကြီးလုပ်ခဲ့လို့သာ သူတို့အမှတ်နိမ့်ရတာဆိုပြီး ပြောပြခဲ့သည်။

ထိုအချိန်တုန်းက လူတိုင်းသည် သံသယတစ်စက်မဝင်ဘဲ ကောင်ကျစ်ဖန်ဘက်က ရပ်တည်ပေးခဲ့ကြသည်။ ဂူရှီက team playerကောင်းတစ်ယောက်လို မပြုမူခဲ့ပြီး သူတို့ကို ဆွဲချခဲ့တာဟု သူတို့ခံစားခဲ့ကြရသည်။ ထို့ကြောင့် သူတို့က ဂူရှီကို ဝိုင်းဖယ်ကြဥ်ခဲ့ကြသည်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now