Chapter-122 She pities Gu Chenyi. (4)

5.5K 648 18
                                    

Unicode

ဘေးက မိန်းကလေးအနည်းငယ်ကလည်း သူတို့၏သဘောတူညီမှုကို ပြသကြသည်။

"ပိုအရေးကြီးတာက သူတို့က အမှတ်ကောင်းရုံတင်မဟုတ်ဘူး။ အရမ်းလည်း ဆွဲဆောင်မှုရှိသေးတယ်။ ဘာလို့ဘဝကြီးက အရမ်းမမျှတရတာလဲ"

...........
နောက်ဆုံးတော့ ဂူရှီသည် လူတိုင်း၏အကြည့်အောက်တွင် အတန်းထဲသို့ ရောက်လာခဲ့သည်။

သို့သော် အတန်းထဲကပင် ပို၍အသက်ဝင်နေသည်။

"ဂူရှီ ရောက်လာပြီ!"

"ပြန်လည်ကြိုဆိုပါတယ်။ ထူးချွန်ကျောင်းသူလေး"

"ဂူရှီ နင်ကပုန်းတဲ့နေရာမှာ အရမ်းတော်တာပဲ"
ပြိုင်ပွဲကြောင့်သာ မဟုတ်ရင် ဂူရှီက ရှန်းရှို့ယန်လို ကြောက်စရာကောင်းတယ်ဆိုတာကို ဘယ်သူမှ သိကြမည်မဟုတ်ချေ။

"ခံစားချက်လေးကို ပြောပြပါဦး။ နင် ဝမ်ဟုန်ရုံကို စားခဲ့တာလား။ ဒါမှမဟုတ် textbookတွေကို စားခဲ့တာလား"
(ဝမ်ဟုန်ရုံက ပညာရေးနယ်ပယ်မှာ အရမ်းကိုအောင်မြင်ထူးချွန်တဲ့လူပါ)

ဂူရှီလည်းပဲ သူ့ကိုစနောက်လိုက်သည်။
"နှစ်ခုစလုံး"

ဂူရှီသည် ပူးတွဲပြိုင်ပွဲအကြောင်းကို မေးနေသော လူတွေနှင့် ပတ်လည်ဝိုင်းခံထားရသည်။

နောက်ဆုံး အတန်းစကြောင်း ခေါင်းလောင်းက အချက်ပေးလာပြီးနောက်မှ သူတို့နေရာသို့ ပြန်သွားကြသည်။

ဂူရှီဘေးတွင် ထိုင်နေသော တုန်မင်မင်သည် အရမ်းကိုemotionalဖြစ်နေပုံရသည်။

"ဟိုးရှေးရှေးတုန်းက ထူးချွန်ကျောင်းသူက ငါ့ဘေးနားမှာ ထိုင်နေခဲ့တယ်။ ငါလေးကတော့ မသိခဲ့ဘူး။ ငါ့အမှား၊ ငါ့အမှားပဲ"
တုန်မင်မင်က ချဲ့ကားတဲ့ပုံစံဖြင့် ပြောလေသည်။

ဂူရှီသည် သူမမျက်လုံးကိုလိမ့်ကာ
"တုန်ရှောင်မင် နည်းနည်းတော့ ပိုလွန်းသွားပြီ"

တုန်မင်မင်,"ဟုတ်ပါပြီ"
တုန်မင်မင်သည် အပိုလုပ်တဲ့အကြည့်ကို ဖယ်ရှားပစ်လိုက်သည်။ သို့ပေမယ့် သူမ၏အံ့အားသင့်မှုကတော့ တကယ်အမှန်ပင်ဖြစ်သည်။ အဆင့်တွေက ကောင်းသည်ဟု အရင်က ဂူရှီ သူမကို ပြောခဲ့သည့်အချိန်တုန်းက ထိုကောင်းသည်ဆိုသည်က မျက်နှာကျက်ထိပ်ကို ​ရောက်နေသည်အထိကောင်းမွန်ခြင်းမျိုးကို ပြောနေသည်ဟု သူမ သဘောမပေါက်ခဲ့ပေ။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now