Chapter-123 "Boss! Are you actually reading the school forum?!" (1)

5.3K 631 13
                                    

Unicode

"သူဘာဖြစ်နေတာလဲ။ ဘာတွေ အရမ်းယူကျုံးမရ အပူလုံးကြွနေတာလဲ"

ဂူရှီ,"ငါလည်း မေးချင်နေတာ......"

နှစ်ယောက်သား စကားပြောနေရင်း လက်ထဲတွင်ဖုန်းကိုင်ထားသော တုန်မင်မင်သည် ရုတ်တရက် ကျယ်ကျယ်လောင်လောင်အော်လိုက်သည်။
"ဂူရှီ၊ ဂူရှီ နင်လေးနေရာတောင် ရောက်နေပြီ"

.............
"ဘာလေးနေရာလဲ"
ဂူရှီသည် တုန်မင်မင်အား တွေဝေစွာ ကြည့်လျက် မေးလေသည်။

"ဒီတစ်ခုလေ။ ဖော်ရမ်ထဲက voting"
တုန်မင်မင်သည် သူမဖုန်းကို ဂူရှီအား ပြလိုက်သည်။

HSAU၏ကျောင်းဖော်ရမ်ထိပ်ဆုံးသည် အနုပညာပွဲတော်အတွက် ကျောင်းသားကိုယ်စားပြုvotingဖြစ်သည်။

တုန်မင်မင်သည် linkကိုနှိပ်၍ ဂူရှီဓါတတ်ပုံဆီသို့ ဆွဲလိုက်သည်။ ဓါတ်ပုံအောက်တွင် သူမနာမည်၊ အတန်းသာမက နံပါတ်'4'လည်းရှိနေသည်။

"ဟီးဟီး ငါအခုလေးတင် နင်voteပိုရအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို တွေးနေတာ"

သို့သော် သူမတောင် မလုပ်ရသေးခင် ဂူရှီသည် လေးနေရာကို ရနေပြီဖြစ်သည်။

ဂူရှီ,"နင် ငါ့ကို ကြော်ညာပေးပြီး ဒါမှမဟုတ် voteဖို့ လူတွေကို ပိုက်ဆံပေးထားတာတော့ မဟုတ်ဘူးမလား"
ဂူရှီက မျက်ခုံးပင့်ကာ ပြောလေသည်။ သူမလည်းပဲ ရလဒ်ကြောင့် အံ့သြနေရသည်။

တုန်မင်မင်,"ဘယ်ကလာ"

"ဒီvoteတွေက တရားဝင်ပါနော်။ နင်ဘာသာကြည့်။ လူတွေအများကြီးက အောက်မှာနင့်ကို supportပေးနေကြတာ"
တုန်မင်မင်သည် ပြောပြီး အောက်ဘက်ကို ဆွဲလိုက်သည်။

အောက်ခြေတွင် commentတွေအများကြီးရှိသည်။ အတော်များများက ဂူရှီအကြောင်းဖြစ်သည်။

[ဂူရှီ? ဒဏ္ဍာရီလာဂူရှီကို ပြောနေတာလား?]

[ပေါက်တက်ကရမေးနေ။ ငါတို့ကျောင်းမှာ ဂူရှီဆိုလို့တစ်ယောက်ပဲရှိတာလေ။ သူမအတန်းကိုလည်း ကြည့်လို့ရတယ်လေ။]

[ကောင်းပြီ ဒါဆို ငါ နတ်ဘုရားမရှီအတွက် voteရမယ်။]

[နတ်ဘုရားမရှီကို ယုံကြည်ချက်ထားပါ။ ဒါဆို နောက်အတန်းတွေမှာ ကျရှုံးလိမ့်မည်မဟုတ်ပါ။]

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now