Chapter-142 What kind of name is Battle at the Summit of Tianchuang?

5.6K 640 9
                                    

Unicode

ဘာလို့အဲ့လိုဖြစ်ခဲ့တာလဲ။

ဝတ္ထုထဲတွင် ဂူမိသားစုနှင့်ပတ်သတ်၍ လုံလောက်သော သတင်းအချက်လက် မရှိပေ။

လင်းရိဇယ်နှင့် ဂူယောင်ပိုင်က ဘယ်လိုလုပ် ဂူမိသားစုကို ဆွဲချနိုင်ခဲ့သလဲဆိုတာကို ဂူရှီတွေးကြည့်လို့မရချေ။

..............
ထိုကိစ္စကို တွေးနေခြင်းကြောင့် ဂူရှီသည် ကျောင်းဆင်းသည်အထိ စိတ်လွတ်နေခဲ့သည်။

ကျောင်းဆင်းချိန်တွင် ဂူယန်ရှောင်နှင့် ဂူချန်းရီသည် ရောက်လာ၍ ဂူရှီကို သူတို့နှင့် အပါခေါ်သွားသည်။

"ဘာတွေ လောနေကြတာလဲ"
ဂူရှီသည် တွေဝေစွာမေးလေသည်။

တစ်ဖက်တွင် ဂူချန်းရီသည် အလွန်ပင်ပျော်ရွှင်နေသည်။
"အကိုကြီးက ငါတို့ကို ကျွေးမလို့တဲ့"

"အကိုကြီး"

"အင်း နီးတဲ့တစ်နေရာရာမှာ။ ဘာဘီကျူးတဲ့ အကိုကြီးက သဘောတူပြီးပြီ။ မြန်မြန်သွားပြီး မြန်မြန်စားရအောင်"

ခဏလောက်ရပ်ပြီးနောက် ဂူချန်းရီသည် ထပ်ပြောလေ၏။
"အော် ဟုတ်သားပဲ။ အများကြီးလဲ မစားနဲ့။ 70ကနေ 80ရာခိုင်နှုန်း ဗိုက်ပြည့်သလောက်ပဲ စားပေါ့။ အဖိုးရှေ့မှာ ငါတို့စားဖို့လိုသေးတယ်"

––ဂူမိသားစု၏လူကြီးတွေသည် အပြင်ထွက်မစားကြပေ။ အထူးသဖြင့် အာဟာရမပြည့်တဲ့အပြင်စာတွေကို ယတိပြတ်ပြတ်ဖြင့် ငြင်းဆိုကြသည်။

ထို့ကြောင့် သူတို့တွေသည် ထိုအရာတွေကို ခိုးကြောင်ခိုးဝှက်ဖြင့်သာ စားနိုင်ကြသည်။

အမိမခံရစေရန် သူတို့ အပြင်ထွက်စားတိုင်း လူကြီးတွေရှေ့တွင် ပုံမှန်ကဲ့သို့ နောက်ထပ်စားပွဲတစ်ခုကို စားပြရသည်။

ထို့နောက် ဂူယန်ရှောင်သည်လည်း ဂူရှီကို ပြောလေသည်။
"အချိန်ကို စိတ်ပူမနေနဲ့။ လာပါ ပျော်ပျော်ပေါ့။ မေးလာရင် ဂူချန်းရီနဲ့ငါက basketballကစားနေလို့ အချိန်ကို မေ့သွားတာ။ မင်းက ငါတို့ကို စောင့်နေရလို့ဆိုပြီး ပြောလိုက်မယ်"

ဂူရှီ ခေါင်းညိမ့်လိုက်သည်။

"အကိုကြီးက ကျောင်းသွားဖို့ မလိုဘူးလား"
သူမသည် ဂူယန်လင်းက 17နှစ်သာရှိသေးသည်ကို အမှတ်ရသွားပုံပေါ်သည်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now